ချန်ပီယံလိဂ်ပိတ်ပင်ခံထားရမှုကနေ လွတ်မြောက်ခဲ့တာပါ။
Pyae Phyo Thein

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂ရာသီကြာ ထုတ်ပယ်ခံခဲ့ရမှုကို အယူခံဝင်ခဲ့ပြီးနောက် နိုင်ငံတကာအားကစားခုံရုံးက မန်စီးတီးရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာစီးတီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ကစားခွင့်ပေးခဲ့တာဟာ ဘောလုံးလောကအတွက်တော့ နေ့ကောင်းနေ့မြတ်တစ်ရက်မဟုတ်ခဲ့ဘူးလို့ လီဗာပူးလ်နည်းပြကလော့ပ်က ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂ရာသီကြာ ထုတ်ပယ်ခံခဲ့ရမှုကို အယူခံဝင်ခဲ့ပြီးနောက် နိုင်ငံတကာအားကစားခုံရုံးက မန်စီးတီးရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ အနာဂတ်မှာ ဘဏ္ဍာရေးမျှတစွာကစားရေးမူဝါဒအပေါ် ချိုးဖောက်ဖို့အတွက် ခြိမ်းခြောက်မှုလည်းဖြစ်လာခဲ့ပြီး ငွေကြေးကြွယ်ဝချမ်းသာသူတွေက ဘောလုံးလောကကို ဖျက်စီးနေပြီလို့လည်း ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးဝင်ရောက်ကစားခွင့်ရခဲ့တာဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို သူ့အသင်းထိန်းသိမ်းနိုင်ဖို့ ကူညီပေးလိမ့်မ်လို့ ကလော့ပ်က ပြောခဲ့ပါတယ်။ 

"ဘယ်သူ့ကိုမှ မကောင်းတာမျိုး မဖြစ်စေချင်ပါဘူး၊ မန်စီးတီးအနေနဲ့လည်း ငွေကြေး ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ကျွန်တော်မဆုံးရှုံးစေချင်ပါဘူး၊ စည်းမျဉ်းစည်းကမ်းတွေရှိတယ်ဆိုရင်တော့ လိုက်နာရမှာပါပဲ၊ ဆင်ခြင်ဉာဏ်တရားနဲ့ စောင့်ထိန်းသွားရမှာပါ၊ အချို့သောအရာတွေကိုပဲမဟုတ်ပါဘူး၊ အရာအားလုံးကိုပါ"

"တကယ်လို့ ကျွန်တော်တို့က FFP အပေါ်မှာ သဘောတူညီထားတယ်ဆိုရင် ဒီဟာအတွက်ပဲ လုပ်ရပါမယ်၊ အခုကတော့ မပျော်မရွှင်ဖြစ်ရပြီး ဒါက အဓိပ္ပာယ်မရှိပါဘူး၊ ဒီစည်းမျဉ်းက ကောင်းမွန်တဲ့ အိုင်ဒီယာတစ်ခုပါ၊ အနည်းဆုံးတော့ ခင်ဗျားသွားနိုင်တဲ့နေရာတစ်ခုအထိကို သွားနိုင်ပါသေးတယ်၊ ဘောလုံးအတွက်လည်း ကောင်းမွန်ပါတယ်"

"ဘယ်သူကမှဂရုမစိုက်ဘူး၊ ချမ်းသာကြွယ်ဝသူတွေ ဒါမှမဟုတ် နိုင်ငံတွေက ဘောလုံးလောကအတွင်း သူလို့လုပ်ချင်တာကို လုပ်နေနိုင်မယ်ဆိုရင် ဒါက ပြိုင်ဆိုင်မှုတွေကိုလည်း ခက်ခဲလာစေမှာပါ၊ ကျွန်တော်က ဂျာမနီကပါ၊ ကျွန်တော့်ဘဝရဲ့ အဓိကအရာတွေကိုမတူကွဲပြားတဲ့ပုံစံနဲ့ သင်ယူတတ်မြောက်ခဲ့ပါတယ်၊ ဂျာမနီမှာ ကလပ်တွေက မတူညီတဲ့ပုံစံတွေနဲ့ရှိပြီး ပိုင်ရှင်အပေါ် အခြေမခံထားပါဘူး၊ ဒီလိုဖြစ်နေသရွေ့ သူတို့မှာ ဒီလိုပြသနာတွေလည်း ရှိမှာမဟုတ်ပါဘူး" လို့ ကလော့ပ်ကပြောဆိုသွားခဲ့ပတယ်။ 


Author


က္က