loading...

loading...

loading...

ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ပြောလိုက်တာပါ။
Kyaw Ko Ko Sint

မန်ယူအသင်းမှာ အဓိက ပြဿနာ ဖြစ်နေတာက လစာမြင့် ကစားသမားတွေဟာ လစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ဘဲ နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲရှုံးထားလို့ နည်းပြ ဆိုးလ်ရှားလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ မိမိအနေနဲ့ အသင်းကို ငွေကြေး(သို့)အောင်မြင်မှုနဲ့ မန်ယူအသင်းကို တည်ဆောက်သွားမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ချဲလ်ဆီးနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားတယ်လို့ Goal.comက ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်မှုတွေများစွာနဲ့ ရင်ဆိုင် နေရပြီ ဖြစ်ပြီး ဒီအချိန်မှာ နည်းပြ ဆိုးလ်ရှားက ကစးသမားတွေကို ပွဲအပေါ်သာ အာရုံ စိုက်ပေးဖို့ ပြောလာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အသင်းရဲ့ ပထမစာရင်းကနေ ထွက်ခွာဖို့ သတင်းထွက်ပေါ်နေတဲ့သူတွေကတော့ ဟာရဲရား၊ မာတာနဲ့ဗလင်စီယာတို့ အလွတ်ထွက်ခွာဖို့ ရှိနေပြီး ပေါ့ဂ်ဘာ၊ ဒီဂီယာ၊ ဆန်းချက်၊ လူကာကူ၊ ရိုဂျိုနဲ့ ဒါမီယန်းတို့ လည်း မသေချာမရေရာ ဖြစ်နေတယ်လို့ိသိရပါတယ်။ ဆန်းချက်ကတော့အသင်းမှာ လစာပြဿနာ ဖြစ်ပေါ်နေတာဖြစ်ပြီး ရယူထားတဲ့ မြင့်မားတဲ့ လစာနဲ့ တူညီတဲ့ ခြေစွမ်းကို ပြသနိုင်ခြင်းမရှိပဲ ၂၀၁၈ ဇန်နဝါရီကစပြီးအသင်းအတွက် လိဂ် သွင်းဂိုး ၃ ဂိုးသာ သွင်းပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

“ မှန်ကန်တဲ့အရည်အချင်းနဲ့မှန်ကန်တဲ့ ကစားသာမားကိုပဲ လိုချင်ပါတယ်၊ လက်ရှိမှာ မန်ယူအတွက် အဆင့် ၄ အတွင်း ဝင်ဖို့ အရမ်းအရေးကြီးနေပါပြီ။ကျွန်တော့်ဘဝတစ်လျှောက်လုံးနဲ့ယှဉ်ပြီး လူသားတစ်ယောက်အနေနဲ့ ယုံကြည်ပါတယ်၊ ငွေကြေး(သို့)ကျော်ကြားမှုတွေက မန်ယူကို မတည်ဆောက်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ မိုလ်ဒီနဲ့ ကာဒစ်တို့မှာရှိစဉ်က အတိုင်းပါပဲ ကစားသမားတွေအနေနဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကျွန်တော့်ကို ပြန်လည်ဆက်ဆံနိုင်ဖို့နဲ့ တန်ဖိုးအတိုင်း လေးစားဖို့ပဲ လိုချင်ပါတယ်၊ လက်ရှိမှာလည်း အသင်းအနေနဲ့ ငွေလုံလုံ လောက်လောက် မရင်းနှီးဘူးလို့ ပြောလို့ မရပါဘူး။ အပြောင်းအရွှေ့ တစ်ခုတည်းနဲ့တော့အသင်းကို ပြောင်းလဲ ပစ်လို့ မရဘူးဆိုတာ နားလည်ထားဖို့လိုပါမယ်။” လို့ ဆိုးလ်ရှားက ဒီကနေ့ ကစားမယ့် ချဲလ်ဆီးနဲ့ပွဲကြို သတင်း စာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှားကို မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်အင့်က နည်းပြဟောင်းဖြစ်သလို ဆရာဟောင်းလည်း ဖြစ်တဲ့ ဖာဂူဆန်ရဲ့နည်းဗျူဟာတွေကို ကော်ပီကူးဖို့ ကြိုးစားနေသူလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီအပေါ်မှာတော့ နည်းပြဆိုးလ်ရှားက - “ ကျွန်တော်တု့ိ ဖာဂူဆန်ရဲ့ ပုံစံတွေ အောာင်မြင်မှုတွေကို လိုက်တုဖို့ မဖြစ်နိုင်ပါဘူး၊ အကြောင်းကတော့သူက ပြိုင်စံရှားဖြစ်နေလို့ပါ။ ကိုယ်ပိုင်စတိုင်လ်နဲ့ပဲ လုပ်ဆောင်လို့ ရပါမယ်။ ကျွန်တော့်မှာ အရင်နဲ့မတူတဲ့ ကစားသမားတွေ ရှိပါတယ်၊ သူတို့ထဲက အချို့သူတွေကိုလည်း ဖာဂူဆန်ရဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ပေးလို့မရပါဘူးဆိုတာ သေချာပါတယ်၊ ဒါပေမယ့်လည်း ဒါက ပြဿနာ မဟုတ်ပါဘူး” လို့ ဆိုးလ် ရှားက ပြန်လည်ချေပခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က