loading...

loading...

loading...

ကစားသမားခေါ်ယူနိုင်မှုအပိုင်းတွေမှာ အားနည်းလာပြီလို့ ထောက်ပြလိုက်တာပါပဲ။
Kyaw Ko Ko Sint

မန်ယူအတွက်ဆို သေရဲတဲ့ မျိုးဆက်ဟောင်း ကစားသမားတွေလို ပြန်ရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ အာစင်ဝင်းဂါးက ပြောသွားပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီမှာ ကစားသမားကောင်းတွေခေါ်ယူဖို့ ခက်ခဲသွားပြီလို့ သတိပေးစကားဆိုလိုက်ကြောင်း Sportskeeda သတင်းဌာနက ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ဘာစီလိုနာ၊အဲဗာတန်နဲ့ မန်စီးတီး တို့ကို အရေးနိမ့်ကာ မနေ့ကလည်း ချဲလ်ဆီးကို အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ရှုံးနိမ့်မှုကို အခွင့်ကောင်း မယူနိုင်ခဲ့ပါဘူး။

“သူတို့ ငွေကြေးများစွာ သုံးစွဲခဲ့ပေမယ့်လည်း လုပ်ဆောင်ဖို့ လိုပါသေးတယ်။ကျွန်တော့်အတွက်ကတော့ နွေရာ သီဈေးကွက်က စိတ်ဝင်စားစရာပါပဲ။အသင်းကြီးတွေက ကစားသမားတွေ ဝယ်ယူတဲ့အခါ ငွေကြေးများစွာ သုံးစွဲ ကြတော့မှာပါ။ မှန်ကန်တဲ့ကစားသမားရဖို့တော့ ခက်တယ်၊ ဖာဂူဆန်ခေတ်လွန်သွားကတည်းက မန်ယူအနေနဲ့ ဘာစီလိုနာမန်စီးတီးတို့နဲ့အပြိုင်ကစားသမားခေါ်ယူဖို့ အရမ်းခက်သွားပါပြီ။” လို့ ဝင်းဂါးက ပြောခဲ့တာပါ။

ဆက်လက်ပြီး ဝင်းဂါးက မန်ယူအသင်းရဲ့ကစားသမား ရှာဖွေမှုကို မပြီးပြည့်စုံဘူးလို့လည်း ဝေဖန်ခဲ့ပါသေးတယ်။ “အရင်တုန်းက မန်ယူ ကစားသမားမျိုးဆက်က အဲ့ကာလတုန်းက ကျော်ကြားခဲ့တယ်၊ အခုချိန်မှာ မန်ယူအတွက် ဆို သေရဲတဲ့ ကစားသမားတွေ ပျောက်ဆုံးသွားပါပြီ။ ကစားသမားအားလုံးကတော့ ပြီးပြည့်စုံမှုကို မယူဆောင်လာနိုင်ပါဘူး။” လို့ ဝင်းဂါးက ဆက်လက်ပြောခဲ့တာ ဖြစ်ပါတယ်။


loading...

က္က