loading...

loading...

loading...

လက်ကျန် ၃ ပွဲနိုင်ရင် ချန်ပီယံ ဖြစ်ပါပြီ။
Kyaw Ko Ko Sint

မန်ယူကိုနိုင်တာက ရင်ခုန်စရာမဟုတ်သေးပဲ ကစားသမားတွေကို အိပ်ဖို့၊ နားဖို့နဲ့ ဘန်လေပွဲကိုသာ အာရုံစိုက်ပြီး တီဗီလည်း မကြည့်နဲ့ မနက်ဖြန်အကြောင်းလည်းမတွေးနဲ့လို့ မှာကြားထားကြောင်း BBC SPORT ကို ဂါွဒီယိုလာက ပြောသွားတာပါ။

မန်စီးတီး ကစားသမားတွေအနေနဲ့ မြို့ခံပြိုင်ဖက် မန်ယူကို အနိုင်ယူနိုင်တဲ့အပေါ် စိတ်လှုပ်ရှား ပျော်နေစရာ မလိုပဲ တည်ငြိမ်စွာနဲ့ ချန်ပီယံဆုအတွက် ရှေ့ဆက်မယ်လို့ နည်းပြ ဂါွဒီယိုလာက ပွဲအပြီးမှာ မှာကြားသွား တဲ့အကြောင်း BBC SPORTက ဖော်ပြပါတယ်။ ဒုတိယပိုင်းမှာ ဘာနန်ဒိုဆေးလ်ဗား၊ဆာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးနဲ့ မန်စီးတီးက အနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် ၁ နေရာကို လီဗာပူးထက် ၁ မှတ်အသာနဲ့ ရပ်တည်နိုင်ခဲ့ပါပြီ။

“ ၃ ပွဲအလိုမှာ ကျွန်တော်တို့ ချန်ပီယံမဖြစ်သေးပါဘူး၊ လီဗာပူးထက် တစ်မှတ်ပဲသာနေတာပါ၊ ကျွန်တော့် ကစားသမားတွေကို ပြောထားပါတယ်၊မနက်ဖြန်အကြောင်းမတွေးနဲ့တီဗီလည်း မကြည့်နဲ့ အနားယူပါ၊ အိပ်ပါ၊ ဘန်လေပွဲကို အာရုံစိုက်ပါ၊ ဒါပဲ ပြောထားပါတယ်။” လို့ ဂါွဒီယိုလာက ပွဲအပြီးမှာ ပြောသွားတာပါ။

မန်စီးတီးအနေနဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းက ရမှတ် ၁၀၀ အထိ စုဆောင်းနိုင်ပြီး မန်ယူအသင်းကို ၁၉ မှတ်ဖြတ်ကာ ချန်ပီယံ ဖြစ်ထားတာပါ။ ဒီနှစ်မှာတော့ လက်ကျန် ၃ ပွဲကို အနိုင်ကစားနိုင်မယ်ဆိုပါက ၉၈ မှတ်နဲ့ ချန်ပီယံ ဖြစ်မှာ ဖြစ်ပြီး လက်ကျန် ပွဲစဉ် တွေမှာ ဘန်လေ၊လက်စတာနဲ့ ဘရိုက်တန်အသင်းတို့နဲ့ ကစားရဖို့ ရှိနေပါတယ်။

“ ကျွန်တော်တို့ရော လီဗာပူးရော ချန်ပီယံဖြစ်ဖို့ ထိုက်တန်ကြပါတယ်၊ ဒါပေမယ့် တစ်သင်းတည်းပဲ ဖြစ်ခွင့်ရှိတာ မို့ တစ်သင်းကတော့ ရှုံးနိမ့်ရပါမယ်။ကျွန်တော်တို့က မနှစ်ကထက် ပိုတိုးတက်လာနေပါတယ်၊ လီဗာပူးက ကျွန် တော်တို့ကို အမီလိုက်ဖို့ ကြိုးစားနေတာပါ၊ ဒါပေမယ့် အရာရာက ကျွန်တော်တို့ လက်ထဲမှာပါ၊” လို့ ဂါွဒီယို လာက ဆက်လက်ပြောခဲ့ပါတယ်။

မန်စီးတီးကတော့ ဒီနှစ်မှာ ကာရာဘောင်ဖလားကို ဆွတ်ခူးထားနိုင်ပြီး အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီး မေ ၁၈ မှာ ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမှာပါ။


loading...

က္က