loading...

loading...

loading...

လီဗာပူးက ၄ ဦး၊မန်စီးတီးက ၆ ဦးနဲ့ မန်ယူက တစ်ဦးသာ ပါဝင်လာပါတယ်။
Kyaw Ko Ko Sint

အခုလို ကလပ်အသင်း ၃ သင်းက ကစားသမားတွေသာ ပါဝင်လာတာကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ PFA တစ်နှစ်တာအကောင်းဆုံး အသင်းကို ရွေးချယ်သတ်မှတ်ခဲ့ရာမှာတော့ လီဗာ ပူးနဲ့ မန်စီးတီးက ကစားသမား ၁၀ ဦးထိ ပါဝင်လာပြီး မန်ယူက တစ်ဦးနဲ့ စုစုပေါင်း ၁၁ ဦးနဲ့ တည်ဆောက်ထား တာတွေ့ရတဲ့အကြောင်း Daily Mail က ဖော်ပြလာပါတယ်။ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးအသင်းက နောက်ခံလူ ဗန်ဒိုက်က မန်စီးတီးက စတားလင်းကို ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ် ရယူသွားနိုင်တယ်လို့ သိရပါတယ်။

အခုရွေးချယ်ခံရတဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်လာတဲ့ ကစားသမားတွေကတော့ အသင်း ၃ သင်းက ကစား သမားတွေသာ ဖြစ်ပြီး လီဗာပူး ၄ ဦး၊မန်စီးတီးက ၆ ဦးနဲ့ မန်ယူက ၁ ဦးတို့သာ ပါဝင်လာတာပါ။ မန်စီးတီးက အဂူရို၊ စတားလင်း၊ဖာနန်ဒင်ဟို၊ဘာနန်ဒိုဆေးလ်ဗား၊လာပေါ်တေနဲ့အီဒါဆင်တို့ဖြစ်ပြီး လီဗာပူးက မာနေး၊အာနိုးလ်၊ဗန်ဒိုက်နဲ့ရော်ဘတ်ဆန်တို့ဖြစ်ပါတယ်။

မန်ယူအသင်းက တစ်ဦးတည်းသော ကစားသမားအဖြစ် ကွင်းလယ်လူ ပေါ့ဂ်ဘာ ပါဝင်လာတာဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဆန်ကာတင်စာရင်း ဝင်ခဲ့တဲ့ ဟာဇက်ကတော့ ဒီအသင်းမှာ ပါဝင်လာနိုင်ခြင်း မရှိတာတွေ့ရပါတယ်။

အခုလို တစ်နှစ်တာအကောင်းဆုံး အသင်းကို အသင်း ၃သင်းထဲကသာ ရွေးချယ်ခဲ့တဲ့ဖြစ်စဉ်ကတော့ ပရီးမီး ယားလိဂ် သမိုင်းမှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြမ် ဖြစ်တယ်လို့လည်း Daily Mail ကဖော်ပြလာပါ တယ်။ လီဗာပူးအသင်းသား ဗန်ဒိုက် အခုလို PFA တစ်နှစ်တာအကောင်းဆုံးဆု ရွေးချယ်ခံရတာကြောင့် လီဗာပူးအ သင်းအနေနဲ့ နှစ်နှစ်ဆက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

မနှစ်က တိုက်စစ်မှူး ဆာလာ အကောင်းဆုံးဆုရခဲ့တာ ဖြစ်ပြီး အခြားသော ကစားသမားတွေအဖြစ် ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ဆွာရက်ဇ်၊ ၂၀၀၅-၀၆ မှာ စတီဗင် ဂျာရတ်၊ ၁၉၈၇-၈၈ မှာ ဂျွန်ဘားနတ်ဒ်၊၁၉၈၃-၈၄ မှာ အီယန်ရတ်ရှ်၊ ၁၉၈၂-၈၃ မှာ ကယ်နီဒဲဂလစ်ရှ်၊တို့ အသီးသီး ရရှိခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က