loading...

loading...

loading...

အဲဗာတန်ကိုရှုံးနိမ့်မှုအတွက် သူ့ကိုသာ အပြစ်တင်ပါလို့မာတစ်က ပြောသွားပါတယ်။
Kyaw Ko Ko Sint

အသက် ၃၀ နှစ်အရွယ် မာတစ်က အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအတွက် အပြစ်တင်ချင်ရင် သူ့ကိုသာ အပြစ်တင်သင့်ပြီး အကြောင်းကတော့ အသင်းမှာ အတွေ့အကြုံရင့် ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ရှုံးပွဲက သူနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ပြောသွားတာပါ။

ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်း ကွင်းလယ်လူ မာတစ်က မန်ယူမှာ ကွင်းအတွင်း ဦးဆောင်သူမရှိပဲ ပျောက်ဆုံးနေတယ်လို့ ထုတ်ဖော်ပြောခဲ့ကြောင်း Goal.com က ဖော်ပြပါတယ်။ အဲဗာတန်ကို ၄-၀ နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ကွင်းလယ်ကို ဦးဆောင်ခွင့်ရခဲ့တဲ့ မာတစ်က မန်ယူမှာ အသင်းကို ဦးဆောင်သူ မရှိဘူးလို့ ပြောလာတာပါ။

“အကြီးမားဆုံး ပြသနာက ကျွန်တော်တို့မှာ ကွင်းအတွင်း ဦးဆောင်သူ ပျောက်ဆုံးနေတာပါ၊ ဒီပြသနာက ကျွန်တော့်အတွက်ပါ၊ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အတွေ့အကြုံရင့်ကစားသမားတစ်ဦး ဖြစ်ပေမဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းမရှိတာပါပဲ။ ဒါကြောင့် ကွင်းလယ်ပိုင်းယှဉ်ရင် ကျွန်တော်တို့ ရှုံးနေပါတယ်။” လို့ မာတစ်က ပြောသွားတာပါ။

မန်ယူအတွက် အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာကတော့ ၁၉၈၁ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ အဝေးကွင်း ၅ ပွဲဆက် ရှုံးပွဲနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဗာတန်ကို အဝေးကွင်းမျာ ၄ ဂိုးပြတ်အရေးနိမ့်ခဲ့တာဟာ မန်ယူအတွက်တော့ ၂၀၁၅ ခုနှစ် နောက်ပိုင်း အဲဗာတန်ကို ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် တစ်စုံတယောက်က အပြစ်တင်ချင်တယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်တင်ပါလို့ ပြောချင်ကြောင်းလည်း မာတစ်က ဖွင့်ဟသွားခဲ့ပါတယ်။

ရှုံးပွဲကြောင့် မန်ယူအသင်း အဆင့် ၆ နေရာမှာ ရပ်တည်နေရပြီ ဖြစ်ပြီး အဆင့် ၄ နေရာက အာဆင်နယ်ထက် ၂ မှတ်လျော့အနေအထားမှာ ရှိနေပါတယ်။ လာမယ့် ကြားရက်မှာတော့ ဒါဘီပြိုင်ဖက် မန်စီးတီးကို အိမ်ကွင်း ဧည့်ခံကစားဖို့ရှိနေပြီး နောက်ထပ် ခက်ခဲမယ့် ပြိုင်ပွဲတစ်ပွဲကို မန်ယူအသင်း ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။


loading...

က္က