၆နှင့်အထက် ထပ်မံပြီးတော့ သက်တမ်းတိုးလိုက်တာပါ။

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေမှုကြောင့် မူလက အောက်တိုဘာ ၁ရက်နေ့မှာ ပရိသတ်တွေ အား ကစားကွင်းတွေထဲ ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ စီစဥ်ထားပေမယ့် အခုအခါမှာ အနည်းဆုံး ၆လနှင့်အထက် ထပ်မံပြီးတော့ ပရိသတ်ဝင်ခွင့်ကို ပိတ်ထားတော့မှာပါ။

အင်္ဂလန်မှာရှိတဲ့ အားကစားပွဲတွေကို ပရိသတ်တွေ လုံးဝ ဝင်ရောက်ခွင့်မပြုတော့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက် ဟာ လာမယ့် ၂၀၂၁ခုနှစ် မတ်လအထိ အကြုံးဝင်တယ်လို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါ တယ်။



အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အားကစားဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဘောလုံးပွဲ၊ရက်ဂ်ဘီပွဲ၊ခရစ်ကတ်ပွဲ၊ဖော်မြူလာဝမ်းနဲ့ မြင်းစီးပွဲတွေ အားလုံးကို ပရိသတ်မပါပဲသာ ကျင်းပခွင့်ပြုမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

ယဥ်ကျေးမှု၊မီဒီယာနှင့်အားကစား ဝန်ကြီးဌာနမှ အတွင်းရေးမှူး အိုလီဗာဒေါင်ဒန်ကတော့ ပရိသတ်တွေအပေါ် ထားရှိတဲ့ တားမြစ်ချက်အပေါ် ပြန်လည်သုံးသပ်ဖို့တော့ ရှိတယ်လို့ အစည်းအဝေးမှာ ထပ်လောင်းတင်ပြခဲ့ တယ်လို့ သိရပါတယ်။

ရက်ဂ်ဘီရဲ့ အမှုဆောင်အရာရှိချုပ် ဒါရန်ချိုင်းကတော့ - “ဒီဆုံးဖြတ်ချက်ကြောင့် ပရိသတ်တွေဟာ အနည်းဆုံး ၆လနှင့်အထက် ကွင်းအတွင်း ဝင်ရောက်အားပေးခွင့်ရတော့မှာ မဟုတ်ပါဘူး။အဲ့ဒါကြောင့် ကလပ်အသင်းတွေ မှာလည်း ဝင်ငွေတွေ များစွာ ထိခိုက်တော့မှာပါ။အစကတည်းကလည်း ဆုံးရှုံးထားနှင့်ပြီးသားပါပဲ။ပရိသတ် မပါ ပဲ ကစားရတာဟာ ပြန်မရနိုင်တော့တဲ့ အပျက်အစီးတွေလိုပါပဲ။ဒီအခြေအနေကို အနာဂတ်မှာ ‌ရှောင်လွှဲနိုင် အောင် လုပ်ဆောင်စေချင်ပါတယ်။”လို့ ထောက်ပြခဲ့ပါသေးတယ်။

အခု ဆုံးဖြတ်ချက်ကိုတော့ ပြန်လည်မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး အခြေအနေကြောင့်  ယခုလ အစောပိုင်းကတည်းက သုံးသပ်လုပ်ဆောင်ထားခဲ့တာလို့လည်း သိရပါတယ်။

ယူကေမှာတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကူးစက်မှုက ဂီယာအဆင့် ၄အထိ ရောက်ရှိနေပြီလို့ ဆိုနိုင်ပြီး ဒါဟာ ပိုပြီး အန္တရာယ်များနေပြီလို့ဆိုနိုင်ပါတယ်။

ဝန်ကြီးချုပ်ကလည်း လာမယ့် ၆လအတွင်းမှာ ကန့်သတ်ချက်များ ရှိနေအုံးမယ်လို့ သတိပေးပြောထားတာ ရှိပါ တယ်။

“အခုအခြေအနေမှာ ကိုဗစ် ကူးစက်မှုက ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ အားကစား ပြိုင်ပွဲကြီးတွေကို အဓိက သက် ရောက်နေစေပါတယ်။မူလက အောက်တိုဘာ ၁ရက်နေ့လောက်မှာ ပရိသတ်တွေကို ကွင်းအတွင်း ပြန်လည် ဝင် ရောက်ခွင့်ပြုဖို့ စဥ်းစားထားပေမယ့်လည်း အခုချိန်မှာတော့ ကျွန်တော်တို့အားလုံးရဲ့ လူမှုအသိုင်းအဝန်းတစ်ခု လုံးရဲ့ ဘဝတွေအတွက် စဥ်းစားထားတာပါ။ယဥ်‌ကျေးမှုနှင့်အဓိပတိဝန်ကြီးဌာန အတွင်းရေးမှူးအနေနဲ့ကလည်း အားကစားပွဲတွေကို အစောဆုံး ပြန်လည်အားပေးနိုင်ဖို့ အလျင်အမြန်ပဲ လုပ်ဆောင်နေပါတယ်။”လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ပရိသတ်တွေ မဝင်တော့တဲ့အတွက် အင်္ဂလိပ်ဘောလုံးလိဂ်တွေရဲ့ ကလပ်အသင်းအားလုံးပေါင်း ပေါင် သန်း ၅၀ လောက် ဆုံးရှုံးနစ်နာခဲ့ရပြီး ဒီနှစ်မှာလည်း ပရိသတ် ထပ်မံ မဝင်ရောက်နိုင်သေးဘူးဆိုရင်တော့ ပေါင် သန်း ၂၀၀ လောက် အသားတင် ဆုံးရှုံးနိုင်ပါတယ်။

ရက်ဂ်ဘီပြိုင်ပွဲလည်း ထိုနည်းလည်းကောင်း ပေါင်သန်း ၆၀လောက် ဆုံးရှုံးဖို့ရှိတယ်လို့ အမှုဆောင်အရာရှိချုပ် က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က