loading...

loading...

loading...

အကြမ်းဖက်သမားအသွင်ပုံဖော်ခဲ့တာပါ။
Kg Htet

လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းပရိသတ်တွေက မိုဟာမက်ဆာလာကို အန္တရာယ်ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဗုံးခွဲသမားအဖြစ် သီချင်းလုပ်ဆိုထားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ယမန်နေ့ညက ချယ်ဆီးအသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆလာဗီးယားပရက်ဂ်နဲ့ ယှဉ်ပြိုင်မကစားမီမှာ ချယ်ဆီအသင်းပရိသတ် အုပ်စုတစ်စုက ဆာလာဟာ ဗုံးခွဲသမားဆိုတဲ့ စာသားပါဝင်တဲ့ အစ္စလာမ်မုန်းတီးရေးသီချင်းကို သီဆိုနေကြတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ယင်းသီချင်းကို သီဆိုခဲ့တဲ့အုပ်စုထဲမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ချယ်ဆီးပရိသတ် ၆ ဦးထဲက ၃ ဦးဟာ ပရက်ဂ်ရဲ့အီဒင်ကွင်းထဲကို ဝင်ရောက်ရာမှာ ဟန့်တားခံခဲ့ရတယ်လို့ သိရပါတယ်။

“အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ဗီဒီယိုထဲမှာ ကျွန်တော်တို့ ကစားသမားတွေထဲကတစ်ဦးကို ဦးတည်ပြီး ခွဲခြားဆက်ဆံတဲ့ကြွေးကြော်သီဆိုမှုတွေကို မြင်ရတာဟာ အန္တရာယ်ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စရာပါ”

“ဒီရာသီမှာ အဲဒီလိုကိစ္စတွေ ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့် အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာတလွှားမှာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ခွဲခြားဆက်ဆံမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အမုန်းတရားနဲ့တိုက်ခိုက်မှုတွေအများအပြားကိုလည်း ကျွန်တော်တို့ သက်သေရထားပါတယ်”

“ဒီအပြုအမူဟာ လုံးဝ တယူသန်ထင်ရာစိုင်းတဲ့လုပ်ရပ်အဖြစ် သတ်မှတ်ဖို့ လိုအပ်ပါတယ်”

“လီဗာပူးအသင်းဟာ ဒီကိစ္စကို အလျင်အမြန် ဖော်ထုတ်အတည်ပြုပြီး အမုန်းတရားပြစ်မှုကျူးလွန်ခဲ့ကြတဲ့ အားလုံးကို အပြစ်ပေးဖို့ အာဏာပိုင်အဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကို ယုံကြည်ပါတယ်”

“ဘောလုံးလောကမှာ ဒီလိုအပြုအမူမျိုးအတွက် နေရာမရှိပါဘူး။ လူ့အသိုင်းအဝိုင်းမှာလည်း နေရာမရှိပါဘူး။ ယခုနောက်ဆုံးဖြစ်စဉ်အတွက် အသင်းအနေနဲ့ မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့နဲ့ ဗီဒီယိုထဲမှာ ပါဝင်ခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ရှာဖွေနိုုင်ဖို့ အလုပ်လုပ်နေပါတယ်”

“ဒါ့အပြင် ကျွန်တော်တို့ဟာ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ချယ်ဆီးအသင်းနဲ့ တိုက်ရိုက်အလုပ်လုပ်နေပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတာဝန်ယူမှုနဲ့ အရေးတကြီး အတည်ပြုဖို့ ကတိကဝတ်ပြုမှုနဲ့ ပြစ်တင်ရှုတ်ချမှုအတွက် ချယ်ဆီးအသင်းကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က