သွင်းဂိုး ၂ ဂိုးရရှိအာင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
Kyaw Ko Ko Sint

ဘုန်းမောက်နဲ့ပွဲမှာ ဆေးလ်ဗားအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာခဲ့ပြီး ဒီပွဲက သူ့အတွက် မန်စီးတီး နဲ့အတူ ပွဲ ၄၀၀ မြောက်ပွဲအဖြစ်ကစားနိုင်ခြင်းလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ဂါွဒီယိုလာ က အသင်းရဲ့ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားကို ချီးကျူးပြောဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။



ဘုန်းမောက်နဲ့ပွဲက ဆေးလ်ဗားအတွက် အမှတ်တရပွဲဖြစ်လာစေခဲ့ပြီး အကြောင်းကတော့ မန်စီးတီးကစားသမား ဘ၀ ပွဲ ၄၀၀ မြောက် ကစားခွင့်ရတဲ့ပွဲဖြစ်လာတာလို့ BBC SPORTက ဖော်ပြလာပါတယ်။

အသက် ၃၃ နှစ်အရွယ် ဒေးဗစ်ဆေးလ်ဗားအနေနဲ့ စတားလင်းနဲ့အဂူရိုတို့ရဲ့ သွင်းဂိုး နှစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ တာ ဖြစ်ပါတယ်။

“ သူ့ကစားပုံကတော့ တကယ့်ကို အံ့မခန်းပါပဲ၊ ဘုန်းမောက်နဲ့ပွဲမှာ ဆေးဗားရဲ့ ခံစစ်ပြုကစားပုံတွေ နေရာလွတ် တွေဖန်တီးနိုင်မှုတွေက အထင်ကြီးစရာပါ။ သူက ကျွန်တော်မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားပါပဲ” လို့ ဂါွဒီယိုလာက ချီးကျူးပြောဆိုခဲ့ပါတယ်။

မန်စီးတီးကတော့ ဒီနေ့ပွဲမှာ အနိုင်ရခဲ့လို့ လိဂ်(၃)ကွဲကစားပြီးချန် ၂ ပွဲနိုင် ၁ ပွဲသရေ ၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ထိပ်ဆုံးက လီဗာပူးအောက် ၂ မှတ်လျော့နဲ့ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က