နည်းပြလမ်းပတ်အနေနဲ့ ချန်ပီယံဆုတစ်ဆုရယူပေးနိုင်ဖို့အတွက် ပစ်မှတ်ထားနေတာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ဘန်လေအသင်းကို အနိုင်ရရှိခဲ့ခြင်းနဲ့အတူ ရလဒ်ကောင်းတွေပြန်ရနေတာပါ။

ဘန်လေအသင်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် အမှတ်ပေးဇယားအဆင့်-၄နေရာကို ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့န ည်းဖြစ်သူလမ်းပတ်က အသင်းအနေနဲ့ပုံစံကောင်းတစ်ခုကို ပြန်လည်ရရှိနေခဲ့ပြီဖြစ်သလို ရည်မှန်းချက်ကိုမျှော် လင့်နိုင်ပြီဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုမှုကို TheSun က ဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ရာသီအဖွင့်တွင် မန်ချက်စတာယူနိုက်တက်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းနဲ့အတူ ရှက်ဖီးလ်ယူနိုက်တက်ကိုသရေကျခဲ့ခြင်းများကြောင့် ဝေဖန်မှုများရင်ဆိုင်ခဲ့ရသော်လည်း လီဗာပူးနဲ့ရှုံးပွဲအပြီးပြို င်ပွဲစုံ ၇ပွဲဆက်တိုက်နိုင်ပွဲရရှိနေခဲ့တာလည်းဖြစ်ပါတယ်။



“ နိုင်ပွဲအတွက် အဓိကမှတ်ချက်ပြုရာမှာက ပူလစ်ဆစ်ပါ။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့သလို လက်ရှိမှာလ ည်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ထားနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမြဲပြောခဲ့ဖူးသလို ပေးခဲ့ရတဲ့ေ  ပြာင်းရွှေ့ကြေးနဲ့ထိုက်တန်တယ်ဆိုတာကို ပူလီဆစ်သက်သေပြနေတာပါ။ အသင်းအနေနဲ့ကတော့ ပုံစံကော င်းကို ပြန်ရနေသလို ရည်ရွယ်ချက်တစ်ခုအကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်နိုင်ပြီလည်းဖြစ်ပါတယ် ” လို့နည်း ပြလမ်းပတ်က ဆိုလိုက်တာပါ။

ရာသီအစမှာထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတွင် ရာသီမကုန်မီအစောဆုံးထုတ်ပယ်ခံရနိုင်တဲ့ နည်းပြစာရင်းအတွင်းပါ၀ င်ခဲ့တဲ့ နည်းပြလမ်းပတ်အနေနဲ့ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်၊ လိဂ်ဖလား၊ ပရီးမီးယားလိဂ် စတဲ့ အဓိကပြိုင်ပွဲတွေမှာ အကောင်းဆုံးရလဒ်စွမ်းဆောင်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းအချို့အရ ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ပင်ခံထားရတဲ့ အခြေအနေ အတွက် အယူခံအောင်မြင်ဖို့ရှိနေတဲ့အခြေအနေကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ကစားသမား သစ်အချို့ခေါ်ယူခွင့်ရရှိဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုအချို့ရှိနေခဲ့ပါတယ်။



က္က