ဘန်တီကီရဲ့ ကန်သွင်းမှုကို ဟန့်တားနိုင်ခဲ့တာပါ။
Pyae Phyo Thein

ဘန်တီကီနဲ့ အနည်းငယ်အလှမ်းကွာနေခဲ့တဲ့ ဇူးမားက မယုံကြည်နိုင်ဖွယ်ရာ ပြေးနှုန်းနဲ့ ရောက်ရှိလာခဲ့ပြီး ဘန်တီကီရဲ့ ကန်သွင်းချက်ကို ပိတ်ဆို့ကာကွယ်ခဲ့ပြီး ၃ ဂိုးစီသရေကျမယ့် အနေအထားကနေ ကင်းလွတ်စေခဲ့ပါတယ်။ 


ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ချယ်လ်ဆီးအသင်း သေချာပေါက်ပေးရနိုင်တဲ့ ချေပဂိုးကို အံ့အားသင့်ဖွယ်ရာဖျက်ထုတ်ပေးနိုင်ခဲ့တဲ့ ချယ်လ်ဆီးနောက်ခံလူဇူးမားဟာ အသင်းဂန္ထဝင်နောက်ခံလူဟောင်းဂျွန်တယ်ရီဆီက ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဘန်တီကီရဲ့ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးကို ဇူးမားက ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ ပဲလေ့စ်ကို အနိုင်ရရှိခဲ့ပေမယ့် အိမ်ရှင်ရဲ့ မာကျောတဲ့ တုံ့ပြန်မှုနဲ့ သူတို့ရဲ့အမှားတွေကြောင့် နိုင်ပွဲရဖို့အတွက် နောက်ဆုံးအချိန်ထိ ခြေကုန်ထုတ်ကစားခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာ ပဲလေ့စ်က ချေပဂိုးရဖို့အတွက် ဆက်တိုက်ဖိကစားနေခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့မှုနဲ့ ဇူးမားရဲ့ကာကွယ်မှုကြောင့် အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဘန်တီကီဟာ ဇာဟာရဲ့ ပါးနပ်တဲ့ပေးပို့မှုကတဆင့် ဘောလုံးရရှိသွားခဲ့ချိန်မှာ ကန်သွင်းယူဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါအချိန်မှာပဲ ဘန်တီကီနဲ့ အနည်းငယ်အလှမ်းကွာနေခဲ့တဲ့ ဇူးမားက မယုံကြည်နိုင်ဖွယ်ရာ ပြေးနှုန်းနဲ့ ရောက်ရှိလာခဲ့ပြီး ဘန်တီကီရဲ့ ကန်သွင်းချက်ကို ပိတ်ဆို့ကာကွယ်ခဲ့ပြီး ၃ ဂိုးစီသရေကျမယ့် အနေအထားကနေ ကင်းလွတ်စေခဲ့ပါတယ်။ 

ဇူးမားရဲ့ ဖျက်ထုတ်မှုအပေါ်မှာ ချယ်လ်ဆီးအသင်းဖော်တွေကိုယ်တိုင်လည်း အံ့အားသင့်မှုတွေရှိခဲ့ပြီး အသိအမှတ်ပြုသွားခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းခေါင်းဆောင်နဲ့ နောက်ခံလူဟောင်းတယ်ရီက သူ့ရဲ့အင်စတာဂရမ်မှာ ဇူးမားရဲ့ ဖျက်ထုတ်နေတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပြီး အကောင်းဆုံးဖျက်ထုတ်မှုလို့ ချီးကျူးသွားခဲ့ပါတယ်။ 

ရုပ်သံပြကွက်တွေအရလည်း ဇူးမားဟာ တော်တော်လေးကို အားထုတ်ကြိုးစားခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဘန်တီကီဟာ ကီပါနဲ့ တစ်ဦးချင်းတွေ့တဲ့အနေအထားမှာ ဘယ်ဘက်ထောင့်ကို အပိုင်ကန်သွင်းဖို့အတွက် အားထုတ်ခဲ့တာဖြစ်ပြီး ဂိုးရတော့မယ်လို့ အားလုံးကထင်မှတ်နေချိန်မှာ မထင်မှတ်ဘဲ ဇူးမားကြောင့် ပျက်ပြယ်ခဲ့ရပြီး ချယ်လ်ဆီးလည်း ကံကောင်းခဲ့ကာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ 


Author


က္က