ပြီးခဲ့တဲ့ရာသီကနေ လက်ရှိအချိန်ထိ ၁၉ ကြိမ် ဖန်တီးပေးထားပါတယ်။
Pyae Phyo Thein

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အာနိုးလ်ဟာ ယာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်အတွက် စတင်ကစားခွင့်ရရှိခဲ့ပြီးနောက်မှာ ညာအစွန်နောက်ခံလူတစ်နေရာကို အပိုင်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။


လက်စတာနဲ့ကစားခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာ လီဗာပူးလ်အတွက် ကိုယ်တိုင်တစ်ဂိုးသွင်းယူကာ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုနှစ်ကြိမ်အထိ နောက်ခံလူအာနိုးလ်က ပြုလုပ်နိုင်ခဲ့ပါတယ်။ အာနိုးလ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ လီဗာပူးလ်က အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဘောက်ဆင်ဒေးပွဲ ငါးပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲတွေအားလုံးမှာလည်း ပေးဂိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာ အာနိုးလ်က ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီရဲ့ လက်ပိုက်အောင်ပွဲခံဟန်တိုင်း အောင်ပွဲခံခဲ့ပြီး သူ့ရဲ့တွစ်တာအကောင့်မှာလည်း ဘတ်ပီလုပ်နိုင်သလိုမျိုး သူလည်း လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ပြောဆိုမှုကို ရေးသားပြီး သူ့ရဲ့ခြေစွမ်းအတွက် ကျေနပ်နှစ်သိမ့်နေခဲ့ပါတယ်။

အာႏိုးလ္ကတော့ ပြီးခဲ့တဲ့ရာသီကစပြီး လက်ရှိအချိန်အထိ လီဗာပူးလ်အတွက် ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘယ်ကစားသမားထက်မဆို သာလွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး နာမည်ကျော်ကွင်းလယ်ဖန်တီးရှင်တွေထက်တောင်မှ ဖန်တီးမှုများပြားနေခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အာနိုးလ်ဟာ ယာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်အတွက် စတင်ကစားခွင့်ရရှိခဲ့ပြီးနောက်မှာ ညာအစွန်နောက်ခံလူတစ်နေရာကို အပိုင်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အဖြစ်လည်း ရွေးချယ်ခံထားရပြီး လီဗာပူးလ်ရဲ့ အဓိကကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။


က္က