လက်ရှီမှာ ယူနိုက်တက် အဆင့် ၃ နေရာမှာ ရှိနေပါတယ်။
Pyae Phyo Thein

ဆိုးလ်ရှားအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် လက်စတာကို အနည်းဆုံးသရေကစားဖို့လိုအပ်နေပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ 


လက်စတာနဲ့ကစားရမယ့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ ယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်က သူတို့အသင်းအနေနဲ့ နောက်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ရည်ရွယ်ထားကြောင်းပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၃နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ 

ချယ်လ်ဆီးနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အသာစီးရရှိထားကာ လက်စတာထက် ရမှတ်အသာစီးရရှိထားတာလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် လက်စတာကို အနည်းဆုံးသရေကစားဖို့လိုအပ်နေပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ 

ဘရာဇီးလ်ကွင်းလယ်လူဖရက်ဒ်က "ကျွန်တော်တို့က ကလပ်အသင်းကြီးတစ်ခုအနေနဲ့ ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ နှစ်တိုင်းကစားနိုင်ရမှာပါ၊ ဒါကြောင့် လာမယ့်ရာသီမှာ ကစားခွင့်ပြန်ရခဲ့မယ်ဆိုရင် ဒါက ကျွန်တော်တို့အတွက် တကယ်ကိုအရေးပါမှုပါပဲ၊ ကလပ်အသင်းအတွက်လည်း အရေးကြီးပါတယ်၊ ကျွန်တော်တို့အသင်းနဲ့ ကစားသမားအားလုံးက အဲဒါနဲ့ ထိုက်တန်ပါတယ်"

"လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရမယ်ဆိုရင် ဒါက ခမ်းနားကြီးကျယ်မှုဖြစ်လာပါလိမ့်မယ်၊ အနိုင်ရဖို့အတွက်လည်း ကျွန်တော်တို့ ပစ်မှတ်ထားသွားမှာပါ" လို့ ဖရက်ဒ်က ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောဆိုသွားခဲ့ပါတယ်။ ဖရက်ဒ်ကတော့ ယူနိုက်တက်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်နေရသူဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာခဲ့ပြီးနောက် ပေါ့ဂ်ဘာနဲ့ တွဲဖက်ကာ ခြေစွမ်းပြနေပြီး မာတစ်ကလည်း ကွင်းလယ်ခံစစ်မှာအကောင်းဆုံးကစားနေခဲ့ပါတယ်။ ဒါကြောင့် ဖရက်ဒ်ကို နည်းပြဆိုးလ်ရှားက ပုံမှန်ကစားခွင့်ပေးဖို့ ခက်ခဲနေခဲ့ပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ 


Author


က္က