လာမယ့် စနေနေ့မှာ အာဆင်နယ်က ဖူဟမ်နဲ့ လိဂ်အဖွင့်ကစားရမှာပါ။

လုဇ်ကတော့ အာဆင်နယ်အသင်းရဲ့ အဓိက အားထားရတဲ့ ဝါရင့် နောက်ခံလူတစ်ဦး ဖြစ်ပြီး သူဒဏ်ရာရနေတဲ့ အတွက် နယူးကာဆယ်ကို အငှားချဖို့ စီစဥ်ထားတဲ့ ရော့ဘ်ဟိုးလ်ဒင်းအနေနဲ့ အသင်းမှာ ဆက်လက်ရှိနေဖို့များ နေတယ်လို့လည်းသိရပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာကတော့ အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ဒေးဗစ်လုဇ်ရဲ့ လည်ပင်း ဒဏ်ရာကြောင့် အခက်တွေ့နေရပါတယ်။



The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေးဗစ်အနေနဲ့ လည်ပင်းဒဏ်ရာကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ အသင်းရဲ့ အရန်လူစာရင်းမှာသာ ရှိနေနိုင်မယ်လို့လည်း သိရပါတယ်။

လုဇ်ရဲ့ ဒဏ်ရာကြောင့် နယူးကာဆယ်အသင်းကို အငှားချဖို့ စီစဥ်ထားခြင်းခံထားရတဲ့ နောက်ထပ် နောက်ခံလူ ရော့ဘ်ဟိုးလ်ဒင်းအနေနဲ့ အသင်းမှာ ဆက်လက်ရှိနေဖို့ များနေပါတယ်။

လာမယ့် စနေနေ့မှာဆိုရင် အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် ဖူဟမ်အသင်းနဲ့ စတင်ကစားရတော့မှာ ဖြစ်ပြီး လုဇ်ကတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

အခြားသော ကစားသမားတွေဖြစ်ကြတဲ့ မူစတာဖီ၊ချမ်ဘာနဲ့ပါဘလိုမာရီတို့ကတော့ ကိုယ်စီဒဏ်ရာတွေကနေ ပြန်လည်သက်သာလာကြပြီ ဖြစ်သလို နောက်ထပ် ကစားသမားသစ်တွေဖြစ်တဲ့ ဆလီဘာနဲ့ဂါဘရီရယ်တို့ လည်း အသင်းနဲ့ ပူးပေါင်းထားနိုင်ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က