ဘန်စ်လေနဲ့ပွဲမှာ ချယ်လ်ဆီးအတွက် ဟက်ထရစ်သွင်းခဲ့တာပါ။
Pyae Phyo Thein

အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ဟာ ပထမဆုံးပွဲနှစ်ပွဲမှာ ခြေစွမ်းကောင်းမပြနိုင်ခဲ့ပေမယ့်လည်း ကာရာဘောင်းဖလားပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့မှုတွေကို ချေဖျက်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။


ဘန်စ်လေနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ ကိုင်ဟာဗက်ဇ်က သူ့အနေနဲ့ နောက်ထပ်သွင်းဂိုးတွေအများကြီးသွင်းယူချင်နေပြီး ထပ်လည်းသွင်းယူနိုင်မယ်လို့ ပွဲအပြီးမှာပြောဆိုလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်ဟာ ချယ်လ်ဆီးအတွက် ၃ပွဲမြောက်မှာ ပထမဆုံးဂိုးရခဲ့ပြီး ဟက်ထရစ်ပါသွင်းနိုင်ခဲ့တာပါ။ 

အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ဟာ ပထမဆုံးပွဲနှစ်ပွဲမှာ ခြေစွမ်းကောင်းမပြနိုင်ခဲ့ပေမယ့်လည်း ကာရာဘောင်းဖလားပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့မှုတွေကို ချေဖျက်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူ့ရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်မိတယ်လို့ ဟာဗက်ဇ်က ပြောဆိုခဲ့ပြီး နောက်ထပ်သွင်းဂိုးတွေရယူဖို့ ဆာလောင်နေပြီလို့ ပြောသွားခဲ့ပါတယ်။ 

"သုံးဂိုးသွင်းယူနိုင်ခဲ့လို့ ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်၊ ဒါပေမယ့်လည်း ဒါက အခုမှ အစပဲရှိသေးပြီး ကျွန်တော်ဂိုးတွေအများကြီး၊ အများကြီးသွင်းယူချင်ပါသေးတယ်၊ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ၊ အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားမှာဖြစ်ပြီးတော့ ဒီနေ့ သုံးဂိုးသွင်းယူနိုင်ခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်၊ ဒီလိုပဲ ဆက်ပြီးတော့ ကစားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်" လို့ ဟာဗက်ဇ်ကေ ပြာဆိုသွားခဲ့ပါတယ်။ 

ဟာဗက်ဇ်ဟာ တိုက်စစ်ပိုင်းမှာ အသင်းဖော်အေဘရာဟမ်နဲ့ အချိတ်အဆက်မိမိကစားနိုင်ခဲ့ပြီး အေဘရာဟမ်ရဲ့နောက် No.10 နေရာမှာ ကစားခဲ့တာဖြစ်ပါတယ်။ အေဘရာဟမ်ကလည်း ဟာဗက်ဇ်ရဲ့ နောက်ဆုံး၂ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းဖော်ကိုလည်း ဂျာမနီကြယ်ပွင့်က ချီးကျူးစကားတွေပြောဆိုခဲ့ပါတယ်။ 


"သူက အရမ်းကောင်းတဲ့တိုက်စစ်မှူးပါ၊ ကွင်းထဲမှာ သူနဲ့တွဲဖက်ကစားရတာ အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဟာဗက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က