ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲရယူဖို့ ကြိုးပမ်းသွားရမှာပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ဘန်လေအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ကန်တေ၊ ဘာကလေ၊ လော့ဖ်တက်ချိခ်၊ ရူဒီဂါနဲ့ ခရစ်စတန်ဆန်တို့ ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ယနေ့ညနေမှာ ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲရယူဖို့အတွက် ဘန်လေအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အေဂျက်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်အနေနဲ့ စနေနေ့ညနေပွဲစဉ်ကို ကန်တေ၊ ဘာကလေ စတဲ့ အဓိကကစားသမားတွေ မပါဝင်ဘဲ ယှဉ်ပြိုင်သွားရမယ်လို့ အတည်ပြုခဲ့ပြီးနောက် ကြယ်ပွင့်ကစားသမားတွေမပါဝင်တဲ့ လူစာရင်းကို တည်ဆောက်ရမှာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် လော့ဖ်တက်ချိခ်၊ ဂျာမနီနောက်ခံကစားသမား ရူဒီဂါနဲ့ ဒိန်းမတ်ကြယ်ပွင့် ခရစ်စတန်ဆန်တို့ဟာ ချယ်ဆီးအသင်းရဲ့ ဘန်လေနဲ့ကစားရမယ့်ပွဲစဉ်အတွက် အချိန်မီ ပြန်လည်သက်သာလာခြင်းမရှိတာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတာဖြစ်ပါတယ်။

“လော့ဖ်တက်ချိခ် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ရူဒီဂါနဲ့ အန်ဂိုလိုတို့ကလည်း ဒီအပတ်အတွက် အဆင်သင့်မဖြစ်သေးပါဘူး”

“ကျွန်တော်တို့ အခုအချိန်မှာ ကန်တေကို အသင်းလူစာရင်းမှာ ပြန်ထည့်သွင်းဖို့ လိုအပ်နေပါတယ်။ ခရစ်စတန်ဆန်နဲ့ ဘာကလေတို့လည်း လူစာရင်းမှာ ပါဝင်မှာမဟုတ်ပါဘူး”လို့ သောကြာနေ့ညနေမှာ မီဒီယာတွေကို ပြောကြားသွားခဲ့ပါတယ်။



က္က