အသင်းဘက်ကမခေါ်ယူပေးခဲ့တာလို့ ဗန်ဂါးလ်က ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ကစားသမား ၁ဝဦးအထိ ဝယ်ယူပေးဖို့ အသင်းကိုတောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ထုတ်ဖော်ေပြာဆိုပြီး အသင်းဟောင်းကို ဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဗန်ဂါးလ်က သူ့အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့စဉ်အတွင်း နေမာ၊ ရာမို့စ်နဲ့ လီဝန်ဒေါစကီးတို့အပါအဝင် ကစားသမား ၁ဝဦးအထိ ဝယ်ယူပေးဖို့ အသင်းကိုတောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ထုတ်ဖော်ေပြာဆိုပြီး အသင်းဟောင်းကို ဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ကို အက်ဖ်အေဖလားရရှိအောင် ဗန်ဂါးလ်က ကိုင်တွယ်ပေးခဲ့ပေမယ့် ဖလားရရှိပြီး ရက်ပိုင်းအကြာမှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ Four Four Two နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဗန်ဂါးလ်က ပြောဆိုခဲ့တာဖြစ်ပြီး သူခေါ်ယူချင်တဲ့ ကစားသမားတွေကတော့ တကယ့်နာမည်ကျော်ကစားသမားတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ 

"ရောဘတ်လီဝန်ဒေါစကီးကို ကျွန်တော်လိုချင်ခဲ့တယ်၊ ဒါပေမယ့် အဲဒါကခက်ခဲခဲ့ပြီး ဟီဂူအင်ကိုရဖို့ ကျွန်တော်ပြောင်းလဲကြိုးစားခဲ့ပါတယ်၊ ကျွန်တော်အသင်းကိုမရောက်ခင်မှာ ဘုတ်အဖွဲနဲ့ နေမာအကြောင်းပြောခဲ့ပါတယ်၊ ယူနိုက်တက်မှာရှိနေပြီဆိုရင် အကြီးကြီးတွေတွေးမှဖြစ်ပါလိမ့်မယ်၊ နေမာကလည်း ယူနိုက်တက်ကို စိတ်ဝင်စားမှုရှိခဲ့ပါတယ်၊ ကျွန်တော်က လျင်မြန်တဲ့တောင်ပံကစားသမားတွေ လိုချင်ခဲ့တာပါ"

"ဒီအတွက်ကြောင့်လည်း ဆာဒီယိုမာနေး၊ မာရက်ဇ်တို့ကို ကြိုးစားခဲ့ပါသေးတယ်၊ သောမတ်စ်မူလာလည်းပါတယ်၊ ပြီးတေ့ာ ဗဟိုကွင်းလယ်အဖြစ် အန်ဂိုလိုကန်တေပေါ့၊ ဂျိမ်းစ်မီနာအတွက်လည်း ကျွန်တော်အားထုတ်ခဲ့သေးတယ်၊ သူက အသက်အရွယ်ရနေပြီဖြစ်ပေမယ့် ခေါင်းဆောင်မှုအရည်အသွေးရှိပါတယ်၊ ခံစစ်ပိုင်းအတွက် ရာမို့စ်နဲ့ ဟမ်းမဲလ်တို့ကို ခေါ်ယူချင်ခဲ့ပါတယ်၊ အဲဒီတုန်းက အသင်းခံစစ်ပိုင်းက အတောင့်တင်းဆုံးမဟုတ်ပါဘူး"

"ကျွန်တော့်ပစ်မှတ်ကစားသမားတွေက အများကြီးပါ၊ ဒါပေမယ့် ဘယ်သူ့ကိုမှမရခဲ့ဘူး၊ ဘာလို့မှန်းလည်းကျွန်တော်မသိဘူး၊ ဘာကြောင့်လဲဆိုတော့ နည်းပြတစ်ယောက်အနေနဲ့ အပြောင်းအရွှေ့မှာ ကျွန်တော်မပါဝင်ခဲ့လို့ပါ၊ ကျွန်တော်အသင်းကထွက်ချိန်မှာ ကန်တေနဲ့ မာရက်ဇ်က ချယ်လ်ဆိးနဲ့ မန်စီးတီးကိုရောက်နေပြီ၊ ယူနိုက်တက်က မခေါ်နိုင်ခဲ့ဘူး၊ အရမ်းထူးဆန်းပါတယ်" လို့ ဗန်ဂါးလ်ကပြောသွားခဲ့ပါတယ်။ 


ယူနိုက်တက်အနေနဲ့ အဆိုပါကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပေမယ့် ဒီမာရီယာကိုစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပေးခဲ့ပြီး ဒီပိုင်း၊ ဟာရဲရား၊ လုခ်ရှော၊ ဒီလေဘလင်း၊ ရိုဟိုတို့ကို ဝယ်ယူပေးခဲ့ပါတယ်။ ဖယ်လ်ကာအိုလို ကစားသမားကိုလည်း ခေါ်ယူပေးခဲ့ပါတယ်။ 


Author


က္က