လက်ရှိမှာ‌တော့အမှတ်ပေးဇယားကို ဦး‌ဆောင်နေပါတယ်။

၂၀၀၄ ခုနှစ်က တန်းဆင်းခဲ့ပြီးနောက် ဒီကနေ့အချိန်ထိ တန်းပြန်တက်လာနိုင်ခြင်းမရှိတော့တာ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခြေစမ်းပွဲ ၂ပွဲလာကစားဖူးတဲ့ အင်္ဂလန် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းကတော့ ဒီနှစ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

နောက်ဆုံး ကစားထားတဲ့ ဒုတိယနေရာက ဝက်စ်ဘရွန်းနဲ့ ပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျထားပြီး ရမှတ်တူ အနေအထားမှာ ရဂိုးကွာခြားချက်အရထိပ်ဆုံးမှာ ဦးဆောင်နေတာပါ။

ချန်ပီယံရှစ်မှာ ၂၆ ပွဲထိ ကစားထားနှင့်ပြီး ဖြစ်ပေမယ့် အသင်း၂၄ သင်းပါ အမှတ်ပေးဇယားဖြစ်လို့ တစ်သင်းကို စုစုပေါင်း ၄၆ ပွဲထိ ကစားရမှာပါ။

ဒါကြောင့် ပြိုင်ပွဲရဲ့ ရာသီဝက်ကို စတင် ကျော်ဖြတ်စ ပြုလာချိန်မှာ လိဒ်ယူနိုက်တက်က ဦးဆောင်နေတာ ဖြစ်ပြီး အခုလို လိဒ်ယူနိုက်တက်တန်းပြန်တက်လာနိုင်မလားလို့ စိတ်ဝင်စားဖွယ် ဖော်ပြဖြစ်တာကတော့ တစ်ချိန်က အင်္ဂလန်ရဲ့ အသင်းကြီး တစ်သင်းဖြစ်တာကြောင့်ပါ။

လိဒ်ယူနိုက်တက်က ၉၁-၉၂ ဘောလုံးရာသီမှာ ပထမတန်းအမှတ်ပေး ချန်ပီယံ နောက်ဆုံးဖြစ်ထားဖူးပြီး ပထမတန်း ချန်ပီယံကို ၃ ကြိမ် တိုင်တိုင် ဆွတ်ခူးထားတာပါ။

၂၀၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးနောက် ဒီကနေ့ အချိန်အထိ တန်းပြန် တက်လာနိုင်ခြင်း မရှိတော့တာ နှစ်ပေါင်း ၂၀ ကြာမြင့်နေပါပြီ။

မနှစ်က တန်းပြန်တက်ဖို့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့ပေမယ့် ပလေး့အော့ဖ်မှာ အရေးနိမ့်ပြီး တန်းတက်ခွင့် ဆုံးရှုံးခဲ့ရတာပါ။

ချန်ပီယံနဲ့ ဒုတိယအသင်းတွေက တိုက်ရိုက်တန်းတက်ခွင့်ရမှာ ဖြစ်လို့ လိဒ်ယူနိုက်တက်အနေနဲ့ လက်ရှိ အနေအထားကို အကောင်းဆုံး ဆုပ်ကိုင်နိုင်မယ်ဆိုရင်လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ပြန်မြင်တွေ့ရတော့ မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က