ပရီးမီးယားလိဂ်ကို ဧပြီ ၃၀ထိ ရပ်နားထားလို့ ပြန်စတဲ့အချိန်ကျရင် ခွင့်ပြုမှာပါ။

ကျန်းမာရေး ဝန်ထမ်းတွေကို လေးစားပြီး အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားကျန်းမာ‌ရေးဝန်ဆောင်မှု(NHS)က ဝန်ထမ်းတွေကို ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းက လာမယ့် ဘောလုံးပွဲတွေပြန်စရင် ပွဲကြည့်လက်မှတ် ၁၀၀၀ အခမဲ့ပေးသွားမယ်လို့ ကတိပြု ပြောလာတဲ့အကြောင်း BBS Sport သတင်းဌာနကဖော်ပြလာပါတယ်။



ဘရိုက်တန်အသင်းရဲ့ အမှုဆောင်ချုပ်နဲ့တွဲဖက်ဥက္ကဌတို့က သူတို့အသင်းနည်းတူ အခြားသော အသင်းကြီးတွေ လည်း အခုလို လက်မှတ်အခမဲ့ပေးမယ့် အစီအစဥ်ကို လိုက်ပါ ပြုမူကြလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ဘုန်းမောက်အသင်းရဲ့ ဥက္ကဌဂျက်ဖ်မော့စ် သန်ကလည်း လက်မှတ်အခမဲ့ပေးဖို့စီစဥ်ထားတယ်လို့ ဆိုလာပြန်ပါတယ်။

“ဘောလုံးဆိုတာ လူတိုင်းရင်ထဲက တစ်ခုပါ၊အခုချိန်မှာ ဘောလုံးက သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုသာ ရှိနေ ပေမယ့် ကျန်းမာရေး ဝန်ထမ်းတွေကို ကျွန်တော်တို့ရဲ့ ကိုယ်ချင်စာမှု၊ နားလည်မှုကို ပြသနိုင်ဖို့ လုပ်နိုင်စွမ်းတာ လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ အခြား‌သောကလပ်အသင်းတွေလည်း ကိုယ်စီလုပ်ဆောင်ကြမှာပါ။”လို့ ဘရိုက် တန်အသင်း အမှုဆောင်ချုပ်က ဆိုခဲ့ပါတယ်။

ယခုလအစောပိုင်းတုန်းကလည်း ဘရိုက်တန်အသင်းဟာ အိမ်ခြေယာမဲ့တွေအတွက် အစားအစာ ရာနှင့်ချီလှူဒါန်း မှုပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး သက်ကြီးရွယ်အိုတွေနဲ့အားနည်းနေသူတွေကိုလည်း အိမ်မှာပဲ သီးသန့် နေထိုင်ဖို့ ဖုန်းနဲ့ လိုက်လံ အသိပေးနှိုးဆော်တဲ့ အစီအစဥ်ကိုပါ ဘရိုက်တန်အသင်းက ပြုလုပ်ဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အင်္ဂလန် ပြည်တွင်းပွဲစဥ်အားလုံးကို ဧပြီလ ၃၀ ရက်နေ့အ ထိ ရပ်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က