ဘုန်းမောက်ကို သွင်းယူခဲ့တာပါ။
Pyae Phyo Thein

ဒီရာသီအစောပိုင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ လေးဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဘုန်းမောက်နဲ့ပွဲမှာတော့ တိုက်စစ်ကစားသမားတွေအဆုံးသတ်ပိုင်းကြောင့် ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘုန်းမောက်ကို ငါးဂိုးအထိသွင်းယူနိုင်ခဲ့တာက ၂၀၁၁ ဒီဇင်ဘာလနောက်ပိုင်း အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ငါးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ကိုင်တွယ်ခဲ့တုန်းကဖြစ်ပြီး ဝီဂန်ကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းမရှိတော့ဘဲ အမြင့်ဆုံးအနေနဲ့ လေးဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီရာသီအစောပိုင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ လေးဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဘုန်းမောက်နဲ့ပွဲမှာတော့ တိုက်စစ်ကစားသမားတွေအဆုံးသတ်ပိုင်းကြောင့် ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ လူငယ်ကြယ်ပွင့်ကစားသမားဂရင်းဝုဒ်က ၂ဂိုး၊ ရက်ရှ်ဖို့ဒ်က ပယ်နယ်တီက ၁ဂိုး၊ မာရှယ်က လှပတဲ့ကန်သွင်းချက်နဲ့ ၁ဂိုး၊ ဘရူနိုဖာနန်ဒက်စ်က အလွတ်တည်ကန်ဘောကတဆင့် ၁ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘုန်းမောက်အနေနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း ယူနိုုက်တက်ရဲ့ တိုက်စစ်ပိုင်းကို မထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အိမ်ကွင်းမှာ ငါးဂိုးသွင်းယူနိုင်ခဲ့သလို ၁၆ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်ရဲ့ ရလဒ်တွေကအကောင်းဆုံးဖြစ်နေပြီး ထိပ်တန်းလိဂ်ငါးခုထဲမှာလည်း ဘိုင်ယန်တစ်သင်းတည်းသာ ယူနိုက်တက်ထက် ရှုံးပွဲမရှိစံချိန်ပွဲက ပိုမိုများပြားနေခဲ့တယ်လို့ သိရပါတယ်။ 


Author


က္က