မန်စီးတီးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

ပထမပိုင်းမှာတင် ၃ ဂိုးပြတ်အရေးနိမ့်ရတဲ့အဖြစ်ဆိုးက ယူနိုက်တက်သမိုင်းမှာ ၁၉၉၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့တာပါ။

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ ယူနိုက်တက်က မန်စီးတီးကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။



ပထမပိုင်းမှာ ၃-၀ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပြီး ဒီခြေစွမ်းကတော့ လွန်ခဲ့တဲ့ ၂၂ နှစ်အကြာမှာ ကျန်ခဲ့တဲ့ ခြေစွမ်းမျိုးဖြစ်တယ်လို့ Goal.com ကပြန်လည်တူးဆွ ဖော်ထုတ်လိုက်ပါတယ်။



အိမ်ကွင်းမှာ ပထမပိုင်းမှာတင် ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲက ၁၉၉၇ ခုနှစ်က မစ်ဒယ် ဘရော့နဲ့ ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။

အခုလို မန်စီးတီးကို ပထမပိုင်းမှာတင် ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကတော့ ၁၉၉၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လို့ ၂၂ နှစ်ကြာ အိပ်မက်ဆိုးကို လှုပ်နိုးခံလိုက်ရတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ယူနိုက်တက်ကို ပထမပိုင်းမှာတင် ဘာနန်ဒိုဆေးလ်ဗား၊မာရက်ဇ်တို့အပြင် တစ်ဂိုးက တော့ ယူနိုက်တက် နောက်ခံလူက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာပါ။

ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ မိနစ် ၇၀ မှာမားကပ်စ်ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့တာ ဖြစ်လို့ ပွဲအပြီးမှာ ၃-၁ နဲ့ မန်စီးတီးက နိုင်ခဲ့တာပါ။

ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ ၃၀ မှာ မန်စီးတီးက အိမ်ကွင်းပြန်လည်လက်ခံကစားမှာ ဖြစ်ပါတယ်။


Author


က္က