ပထမပိုင်း ၁၅ စက္ကန့်မှာပဲ အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။
Kg Htet

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် နဘီခီတာကို စိတ်ရှည်သည်းခံမှုပြသခဲ့တဲ့အတွက် လီဗာပူးအသင်းဟာ ဆုလာဘ်အနေနဲ့ ပြန်လည်ခံစားခဲ့ရတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

၂၀၁၈-၂၀၁၉ ရာသီမတိုင်မီမှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၅၂.၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နဘီခီတာကို လီဗာပူးအသင်းက များစွာ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ နဘီခီတာဟာ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိချိန်ကစပြီး ရုန်းကန်ခဲ့ရပြီး ပွဲထွက်ကစားသမားစာရင်းထဲမှာ ဝင်လိုက်၊ ထွက်လိုက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခီတာဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ လီဗာပူးအသင်း ဖလားမျှော်လင့်ချက်အတွက် ကူညီပေးနိုင်ကြောင်း စတင်ပြသနိုင်ခဲ့တာဖြစ်ပြီး တန်းဆင်းသွားပြီဖြစ်တဲ့ ဟက်ဒါစ်ဖီးလ်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၁၅ စက္ကန့်မှာပဲ အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယင်းသွင်းဂိုးဟာ နဘီခီတာအတွက် နောက်ဆုံးပါဝင်ကစားပေးထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က နဘီခီတာဟာ ၎င်းရဲ့စစ်မှန်တဲ့အရည်အသွေးကို ပြသဖို့ အချိန်အနည်းငယ်ယူဖို့ လိုအပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“လူတွေက ခင်ဗျား ကစားသမားတစ်ယောက်အတွက် ပိုက်ဆံပေးပြီး သူရောက်လာတဲ့နေ့ကစပြီး လုပ်နိုင်တာတွေအကုန် ပြသလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်”

“အဲဒီလိုသာ အရာအားလုံးက လွယ်ကူနေရင်တော့ ကောင်းမှာပေါ့။ အဲဒီလို မဟုတ်ပါဘူး။ နဘီ အချိန်ယူဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို အချိန်ပေးခဲ့တယ်။ အခုတော့ သူ ထိပ်တန်းအဆင့်ခြေစွမ်းကို ရရှိနေပါပြီ”

“သူ့ရဲ့အကောင်းဆုံးပွဲဆိုတာ သေချာပါတယ်။ သူ မှန်ကန်တဲ့အချိန်အတွင်းမှာ အေးဆေးဖြစ်နေခဲ့ပါတယ်။ အရမ်း အပေါင်းလက္ခဏာဆောင်တဲ့ ကြမ်းတမ်းမှုမျိုးနဲ့ ဘောလုံးလုယူမှု၊ ဘောလုံးပိတ်ဆို့မှု၊ ကွာဟမှုကို လျှော့ချမှု၊ ဘောလုံးပေးပို့မှု၊ ဘောလုံးနဲ့အတူ ဘေးကင်းလုံခြုံစေပြီး ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်”

“အရမ်းကောင်းမွန်တဲ့ ပွဲတစ်ပွဲပါပဲ”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


Author


က္က