အကောင်းဆုံးပုံစံ မရရှိသေးဘူးလို့ ယုံကြည်နေတာပါ။
Kg Htet

လီဗာပူးအသင်းကို လိုက်ပ်ဇစ်အသင်းကနေ စတင်ပြောင်းရွှေ့ရောက်ရှိလာတဲ့အချိန်ကတည်းက နဘီခီတာဟာ လိုက်ပ်ဇစ်အသင်းမှာတုန်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်အဆင့်အတန်းအတိုင်း ပြသနိုင်ခြင်းမရှိသေးဘူးလို့ နည်းပြယာဂင်ကလော့ပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

နဘီခီတာဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့က ဝုဗ်နဲ့ပွဲစဉ်အပါအဝင် ပြီးခဲ့တဲ့နောက်ဆုံး ၈ ပွဲအထိ ပွဲထွက်ကစားခွင့်ရရှိထားပေမယ့် ယုံကြည်ချက်အပြည့်နဲ့ ကစားနိုင်ဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နဘီခီတာဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲတော်ကာလအတွင်း ပွဲထွက်ကစားချိန် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသူဖြစ်ပြီး ဒဏ်ရာကြောင့်လည်း ယခုရာသီအစောပိုင်း ၃ ပွဲကို လွဲချော်ခဲ့သူဖြစ်ပါတယ်။



မကြာသေးမီကာလက နဘီခီတာ အသင်းလူစာရင်းမှာ မပါဝင်မှုဟာ အကြောင်းပြချက်ရှိလားလို့ Sky Sports က မေးမြန်းခဲ့ရာ ယာဂင်ကလော့ပ်က ခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဟင့်အင်း။ ဒါက တစ်ခါတလေဖြစ်တတ်တဲ့ကိစ္စမျိုးပါ။ ကျွန်တော် သူနဲ့စကားပြောခဲ့ပါတယ်။ နဘီက အားလုံးအဆင်ပြေပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်နေပါတယ်”

(နဘီခီတာက လိုက်ပ်ဇစ်မှာရှိတုန်းက အကောင်းဆုံးပုံစံအတိုင်း ရရှိနေတဲ့ကစားသမားလား)

“ဟင့်အင်း။ ဒါပေမယ့် သူ ဒီမှာအံဝင်ခွင်ကျဖြစ်အောင် လုပ်နေတုန်းပါ။ အဲဒီလောက်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

နဘီခီတာကို လီဗာပူးအသင်းက ရာသီကုန်မှာ အသင်းကို ရောက်ရှိဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စာချုပ်လျော်ကြေး ပေါင် ၄၈ သန်းပေးချေပြီး အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author


က္က