မန်စီးတီးကတော့ နည်းပြဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။
Win Kyaw Min

မန်စီးတီးအသင်းနည်းပြအဖြစ်ကနေ အနားယူဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေတာပါ။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂ကြိမ်ဆက်တိုက်ရယူပေးထားနိုင်ခဲ့တဲ့ နည်းပြဂွါဒီယိုလာဟာ မန်စီးတီး အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပြင်သစ်လီဂူးကို ခြေချဖို့ပြင်ဆင်ေ န တယ်လို့ dailymail က သုံးသပ်ဖော်ပြလာပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြဂွါဒီယိုလာက ၂၀ ၂၁ ဘောလုံးရာသီအထိအသင်းမှာပဲ ရာနှုန်းပြည့်ဆက်ရှိနေမယ်လို့ ထုတ်ဖော်ပြောဆိုမှုအချို့ပြု လုပ်ထားပြီး အသင်းကအလိုရှိတဲ့အချိန်အထိ ထွက်သွားမှာမဟုတ်ဘူးလို့လည်း ဝန်ခံထားခဲ့တာပါ။



Dailyexpress ရဲ့ဖော်ပြချက်မှာတော့ ပြင်သစ်လီဂူးကလပ်ပီအက်စ်ဂျီအသင်းအနေနဲ့ လက်ရှိ နည်းပြ တူလ်ချယ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြဂွါဒီယိုလာကို ချဉ်းကပ်မှုများရှိနေခဲ့ပြီး အပြောင်း အ ရွှေ့ဖြစ်ပေါ်လာနိုင်တယ်လို့လည်း သတင်းဖော်ပြမှုအချို့ရှိနေခဲ့ပါတယ်။

လက်ထောက်နည်းပြအာတီတာကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် မန်စီးတီးအသင်းနဲ့အကြားအနာဂတ် အခြေအနေမသေချာတော့ဘူးလို့ သတင်းဖော်ပြမှုများရှိခဲ့ဖူးတဲ့ နည်းပြဂွါဒီယိုလအနေနဲ့ စာချုပ်သက် တမ်းတစ်နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌအယ်လ်ခါလီဖာကတော့ နည်းပြဂွါဒီယိုလာကိို ခေါ်ယူမယ့် သတင်းတွေကိုငြ င်း ဆိုခဲ့ခြင်းမရှိတဲ့အပြင် တစ်ချိန်မှာ ကမ္ဘာ့ထိပ်တန်းနည်းပြတစ်ဦးကို မြင်တွေ့ရမယ်လို့ အရိပ်အမြွတ် ပြောဆိုမှုအချို့ကိုသာ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


Author


က္က