နည်းပြမိုရက်စ်အနေနဲ့ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေသူပါ။
Win Kyaw Min

ဝက်စ်ဟမ်းအသင်းအနေနဲ့ လက်စတာကိုအရေးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြပယ်လီဂရီနီကို ရာထူးကနေထုတ်ပယ်ခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အပြီးမှာ နည်းပြပယ်လီဂရီနီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးတဲ့နောက် နည်းပြသစ်ခန့် အပ်ဖို့အတွက် ရှာဖွေမှုများပြုလုပ်နေတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ နည်းပြဟောင်းဒေးဗစ်မိုရက်စ်ကို အခွင့်အ ရေးပေးထပ်မံခန့်အပ်ဖို့ရှိနေတယ်လို့ thesun က အခိုင်အမာဖော်ပြလာပါတယ်။

ပရက်စတန်၊ အဲဗာတန်၊ မန်ယူနိုက်တက်၊ ဆိုစီဒက်၊ ဆန်းဒါးလန်းအသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးတဲ့ န ည်းပြမိုရက်စ်အနေနဲ့ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီက ဝက်စ်ဟမ်းအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြ စ်ပြီး အထိုက်အလျောက်အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြမှုများအရ ဝက်စ်ဟမ်းအသင်းရဲ့တွဲဖက်အသင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဆူလီဗန်အနေ နဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ နည်းပြသစ်တစ်ဦးခန့်အပ်သွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ပရီးမီး ယားလိဂ်အတွေ့အကြုံရှိနည်းပြတစ်ဦးဖြစ်တယ်လို့လည်း အရိပ်အမြွတ်ပြောဆိုမှုများပြုလုပ်ခဲ့ပါသေးတယ်။

အခြားသတင်းရင်းမြစ်တွေဖြစ်တဲ့ skysports၊ Mirror တို့ရဲ့ဖော်ပြချက်မှာတော့ နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်၊ ဘရိုက်တန်နည်းပြဟောင်းခရစ္စဟောက်တန်၊ လက်ရှိချာလ်တန်နည်းပြလီဘောင်ယာတို့ကိုလ ည်း ဝက်စ်ဟမ်းအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေမှုကို ကာယကံရှင်ဖြစ်တဲ့ နည်းပြမိုရက်စ် က တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရတော့ ၁၈လသက်တမ်းရှိစာချုပ်တစ်ရပ်နဲ့အတူ တရားဝင်ကမ်းလှမ်းမှုများပြုလုပ်ဖို့ နီးစပ်နေခဲ့ပြီလို့လည်း သတင်းထွ က်ပေါ်မှုတွေရှိနေခဲ့ပါတယ်။


က္က