ဘင်နီတက်ဇ်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
Win Kyaw Min

အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ဖို့ ကြန့်ကြာမှုအချို့ရှိနေခဲ့ပေမယ့်လည်း ပရိသတ်အများစုကတော့ နည်းပြ ဟောင်းဘင်နီတက်ဇ်ကို ပြန်လည်တာဝန်ယူကိုင်တွယ်စေလိုနေတာ လည်းဖြစ်ပါတယ်။

နယူးကာဆယ်အသင်းပရိသတ်တွေအနေနဲ့ အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာတော့မယ့် အခြေအနေတ စ်ရပ်တွင် နည်းပြဟောင်းဖြစ်သူဘင်နီတက်ဇ်ကို အသင်းဆီပြန်လာဖို့အတွက် လူမှုကွန်ယက်စာမျက်နှာများတွင် တောင်းဆိုနေမှုများ မြင့်တက်နေခဲ့တယ်လို့ BBC ရဲ့ကိုးကားဖော်ပြချက်အရ သိရပါတယ်။

နည်းပြဘင်နီတက်ဇ်အနေနဲ့ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပေမယ့် နယူးကာဆယ်အသင်းကို အကောင်းဆုံးတာဝ န်ယူပေးခဲ့သလို တန်းဆင်းခဲ့ရတဲ့အချိန်မှာလည်း အနစ်နာခံဆက်လက်ရပ်တည်ပေးခဲ့တဲ့အတွက် အသင်းပရိသ တ်အားလုံးရဲ့ ထောက်ခံမှုကို ရရှိထားသူလည်းဖြစ်ပါတယ်။



futbol.com ရဲ့ဖော်ပြချက်အရ ဘင်နီတက်ဇ်ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် နယူးကာဆယ်အသင်းပရိသတ်အ များစုက မှတ်ချက်ပေးမှုပေါင်းများစွာကို လာရောက်ပြုလုပ်နေတာဖြစ်ပြီး နယူးကာဆယ်မှာရှိတဲ့အိမ်ကိုပြန်လာ ဖို့ အဓိပ္ပါယ်ရတဲ့ အရေးအသားတွေနဲ့ တောင်းဆိုမှုတွေပြုလုပ်နေခဲ့ကြတာပါ။

လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ်ဒါလီယန်ရှီးလ်အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အသင်းပိုင်ရှင်မိုက်ခ်အက်ရှ်လေနဲ့အကြား အဆင်မပြေမှုများရှိလာခဲ့ပြီးတဲ့နောက် လမ်းခွဲ ခဲ့တာလည်းဖြစ်ပါတယ်။

အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ဖို့ ပေမယ့် ကြန့်ကြာမှုတွေရှိနေခဲ့ပေမယ့် ရာနှုန်းပြည့်နီးပါးသေချာနေခဲ့ပြီဖြ စ်လို့ ပရိသတ်အများစုက နည်းပြအပြောင်းအလဲပြုလုပ်ဖို့အလိုရှိနေပြီး အချို့သောပရိသတ်တွေကတော့ လက် ရှိနည်းပြစတိဗ်ဘရုစ်ကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ အခွင့်အရေးပေးသင့်တယ်လို့ယူဆမှုတွေလည်း ရှိနေခဲ့ပါတယ်။


Author

  • Win Kyaw Min

က္က