မန်နေဂျာရာထူးမှာ လုပ်ပိုင်ခွင့်ပိုလာခဲ့ပါတယ်။

မန်နေဂျာရာထူးမှာတော့ ပွဲစဥ်တွေကို ပြန်လည်သုံးသပ်ခြင်း၊လူငယ်ရှာဖွေခြင်းနဲ့ခေါ်ယူစုဆောင်းခြင်းတွေကို လုပ်‌ဆောင် ခွင့်အပြည့်အဝရရှိလာမှာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြချုပ် အာတီတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အသင်းက ထုတ်ပယ်လိုက်တဲ့ နည်းပြ အူ နိုင်း အမ်မရီနေရာမှာ အစားထိုးဝင်လာသူ ဖြစ်ပါတယ်။



အသင်းကိုရောက်ပြီး ပထမဆုံး ရာသီမှာပဲ အက်ဖ်အေဖလားချန်ပီယံ၊ကွန်မြူနတီဒိုင်းချန်ပီယံ ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ကို စွမ်းဆောင်ပေးထားနိုင်ပါတယ်။

ဒါကြောင့် ဒီနှစ် ၂၀၂၀-၂၁ ဘောလုံးရာသီအစမှာတော့ အသင်းက ယုံကြည်မှု အပြည့်ပေးလာပြီး နည်းပြချုပ်သီးသန့်က နေ အသင်းရဲ့ ပထမအသင်းကြီးနဲ့ပတ်သက်တဲ့ သုံးသပ်တာတွေ၊လူငယ်လေ့လာစောင့်ကြည်တာတွေ၊ခေါ်ယူစုဆောင်းတာ တွေ စတာတွေကိုပါ လုပ်ပိုင်ခွင့်အပြည့်အဝရှိတဲ့ မန်နေဂျာရာထူးကို တိုးပေးလိုက်ပြီလို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းကတော့ ယခုနှစ် ဘောလုံးရာသီသစ်အတွက် လူခေါ်ယူမှု အသစ်အဖြစ် ဂါဘရီရယ်၊ဝီလီယံနဲ့ စီဘယ် လော့စ်ကို တစ်နှစ်အငှားနဲ့ ထပ်ခေါ်ထားနိုင်ပါတယ်။

မနက်ဖြန် စနေနေ့မှာတော့ တန်းတက် ဖူဟမ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို စတင်ယှဥ်ပြိုင်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က