ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ ရယူနိုင်ခဲ့တာပါ။
Pyae Phyo Thein

လန်ဒန်မြို့ခံနှစ်သင်းရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကတော့ ထင်မှတ်ထားသလောက် အကြိတ်အနယ််မရှိခဲ့ပေမယ့်လည်း အတိုင်းအတာတစ်ခုအထိတော့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတချို့ရှိခဲ့ပြီး အထူးသဖြင့် ချယ်လ်ဆီးအတွက်တော့ တော်တော်လေးကို နစ်နာတဲ့အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ နှစ်သင်းစလုံးအပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး ဂိုးရဖို့အားထုတ်ခဲ့ကြပါတယ်။ ချယ်လ်ဆီးက ပူလီဆစ်ရဲ့အားနဲ့ ထိုးဖောက်ဖို့ကြိုးစားခဲ့ပြိး ထိရောက််မှုတွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန်အစောပိုင်းမှာပဲ ပူလီဆစ်ရဲ့ တစ်ကိုယ်တော်ဆွဲပြေးခဲ့မှုကနေ ချယ်လ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်မှာ အာဆင်နယ်က ချေပဂိုးရဖို့တင်ကစားလာခဲ့ပါတယ်။ ဒါပေမယ့် လာကာဇက်က တိုက်စစ်ပိုင်းမှာလူပိုကြီးလိုဖြစ်နေခဲ့ပြီး အော်ဘာမီယန်နဲ့ ပီပီတို့ပိုမိုရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်အတွက် ကံကောင်းခဲ့တာကတော့ ချေပဂိုးကို စောစောပြန်သွင်းနိုင်ခဲ့တာဖြစ်ပြီး အက်ဇ်ပီလီကွီတာရဲ့ အော်ဘာမီယန်ကိုဆွဲလှဲခဲ့မှုကနေ ပယ်နယ်တီရရှိခဲ့ပြီး ဂါဘွန်တိုက်စစ်မှူးက အပိုင်ကန်သွင်းကာ ချေပပေးခဲ့ပါတယ်။ 

ချယ်လ်ဆီးကို ကံဆိုးစေခဲ့တာကတော့ ဒုတိယပိုင်းစစချင်းမှာပဲ ပူလီဆစ်ရဲ့ တံကောက်ကြောဒဏ်ရာရရှိခဲ့မှုဖြစ်ပြီး လူစားလဲလှယ်မှုပြုလုပ်ခဲ့ရကာ အသင်းတိုက်စစ်ပိုင်း တော်တော်လေးအားနည်းသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်အက်ဇ်ပီလီကွီတာကလည်း ပထမပိုင်းမှာပဲ ဒဏ်ရာရသွားခဲ့လို့ လူစားလဲလှယ်ခဲ့ရပြီး ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ ချယ်လ်ဆီးတို့ အားပျော့သွားခဲ့ပါတယ်။

အာဆင်နယ်က ပြိုင်ဘက်အသင်းရဲ့အားနည်းချက်တွေကို အခွင့်ကောင်းယူနိုင်ဖို့ကြိုးစားခဲ့ပြီးတော့ မိနစ် ၇၀ မှာ အော်ဘာမီယန်က ဦးဆောင်ဂိုးကို ဧရိယာအတွင်းကနေ ပါးပါးနပ်နပ်ကန်သွင်းကာ ရယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးခဲ့ရတာ ချယ်လ်ဆီးကို ထိတ်လန့်စေခဲ့ရသလို သိပ်မကြာခင်မှာပဲ ကွင်းလယ်လူကိုဗာဆစ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ လမ်းပတ်အတွက် စိတ်ပျက်စရာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။ 


လက်ကျန်မိနစ်တွေမှာတော့ ချယ်လ်ဆီးတို့ လိုအပ်နေတဲ့ ချေပဂိုးရဖို့ လူစားလဲမှုတွေပြုလုပ်ခဲ့ပေမယ့် အာဆင်နယ်က ပွဲကိုထိန်းချုပ်ဖို့ အာရုံစိုက်ခဲ့ပြီးတော့ အနိုင်ဂိုးကိုထိန်းသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ၂-၁ နဲ့ အာဆင်နယ်တို့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလားကို စံချိန်တင်အဖြစ် ၁၄ ကြိမ်မြောက် ရရှိကာ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ 




Author


က္က