ချယ်လ်ဆီးအတွက် အကောင်းဆုံးဖြည့်ဆည်းမှုဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
Pyae Phyo Thein

ချယ်လ်ဆီးကတော့ လမ်းပတ်လက်ထက်မှာ လူငယ်ကစားသမားတွေကို ပိုမိုအသုံးပြုလာခဲ့ပြီး အေဘရာဟမ်၊ မေဆန်မောင့်တို့အပြင် ဂီမွာ၊ ရီဆီဂျိမ်းစ်တို့ကလည်း အသင်းကြီးအတွက် ခြေစွမ်းပြနေပါတယ်။


ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူဟောင်းဂျွန်တယ်ရီက ဂျေဒန်ဆန်ချိုဟာ ချယ်လ်ဆီးအတွက် အကောင်းဆုံးပေါင်းစပ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကစားသမားက အသင်းဟောင်းအတွက် အကောင်းဆုံးခေါ်ယူမှုဖြစ်မယ်လို့ တယ်ရီက ထောက်ခံခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးနည်းပြလမ်းပတ်ကလည်း ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဒီအပေါ်မှာ တယ်ရီကထောက်ခံခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အသင်းဟောင်းမန်စီးတီးတို့ကလည်း ဆန်ချိုကို စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအနေနဲ့ ပြိုင်ဘက်တွေထက် လက်ဦးမှုရယူဖို့ ခက်ခက်ခဲခဲ ကြိုးစားသွားရမှာလည်းဖြစ်ပါတယ်။ 

ချယ်လ်ဆီးနဲ့တူ ပရီးမီးယားလိဂ်ဖလားငါးကြိမ်ဆွတ်ခူးခဲ့တဲ့ နောက်ခံလူတယ်ရီက "လူငယ်တွေက သူတို့ရဲ့ ဖြစ်နိုင်တဲ့ အလားအလာတွေကို ပြသနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ရာသီအစမှာ အေဘရာဟမ်၊ မေဆန်မောင့်တို့လို ကစားသမားတွေအကြောင်းကို ကျွန်တော်တို့ ပြောဆိုခဲ့ကြရပြီး သူတို့ကလည်း သူတို့ဘယ်လောက်ထိလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ"

"ဆန်ချိုကလည်း လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတွေက တစ်ဦးလို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင့် သူက ချယ်လ်ဆီးအတွက် တကယ်ကိုကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်ပြီး အသင်းကလည်း ပိုပြီးကောင်းလာမယ်ဆိုတာ အထင်အရှားရှိနေတယ်လို့ ကျွန်တော်ယူဆပါတယ်" လို့ ဂျွန်တယ်ရီက ပြောဆိုသွားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

ချယ်လ်ဆီးကတော့ လမ်းပတ်လက်ထက်မှာ လူငယ်ကစားသမားတွေကို ပိုမိုအသုံးပြုလာခဲ့ပြီး အေဘရာဟမ်၊ မေဆန်မောင့်တို့အပြင် ဂီမွာ၊ ရီဆီဂျိမ်းစ်တို့ကလည်း အသင်းကြီးအတွက် ခြေစွမ်းပြနေပါတယ်။ ဆန်ချိုကတော့ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ 


Author


က္က