အခြားကလပ်အသင်းအချို့ကတော့ဝန်ထမ်း‌တွေကို ယာယီခွင့်ပေးလိုက်ပါပြီ။

လက်ကျန်ရာသီ ပြန်စမယ့်အချိန်နဲ့နောက်ရာသီပြန်စမယ့်အချိန်ကို မသိရသေးရင်တော့ သြဂုတ်လလောက်မှာ အသင်းဘဏ္ဍာငွေ ပြတ်လပ်ဖို့ရှိနေပြီလို့ ဥက္ကဌ ဂါးလစ်ခ်ကိုယ်တိုင် ထုတ်ဖော်ပြောလာတာပါ။

ဘန်လေအသင်းရဲ့ ဥက္ကဌ မိုက်ခ်ဂါးလက်စ်ကတော့သူ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ဖို့ ဆက်လက်အဆင်မပြေနိုင်သေးဘူးဆိုရင် လာမယ့် သြဂုတ်လလောက်မှာ ငွေကြေးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရတော့ မယ်လို့ ထုတ်ဖော်ပြောလာခဲ့တယ်လို့ Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။



လက်ရှိမှာတော့ ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ကိုလည်း ရပ်နားထား ရပြီး ဘယ်အချိန်ပြန်လည်စတင်နိုင်မလဲဆိုတာကလည်း မေးခွန်းသာ ရှိနေသေးတဲ့ အခြေအနေပါ။

“အရေးကြီးဆုံး အချက်ကတော့ လက်ကျန်ရာသီကို မသိမ်းနိုင်ခဲ့ရင်၊နောက်ရာသီကို ဘယ်အချိန်ပြန်စမလဲ မသိနိုင်ရင် ကျွန်တော်တို့ ကလပ်အသင်းအနေနဲ့ သြဂုတ်လလောက်မှာပဲ ငွေကြေး ပြတ်လပ်မှုနဲ့စတင်ရင်ဆိုင် ရဖို့ ရှိနေတာပါ။အခြားအသင်းတွေအကြောင်းတော့ မပြောနိုင်ပါဘူး၊သူတို့ရဲ့ ငွေကြေးရပ်တည်မှုက ဘယ်လိုလဲဆိုတာ လဲ ကျွန်တော်မသိပါဘူး။အခုပြောနိုင်တာက ကျွန်တော့်အသင်း အခြေအနေပါလို့၊”ဘန်လေအသင်း ဥက္ဥဌ ဂါးလက်စ်ခ်က Sky Sports သတင်းဌာနကို ပြောခဲ့တာလို့သိရပါတယ်။

ကလပ်အသင်းတွေအနေနဲ့ ဘောလုံးပွဲတွေ ရပ်နားထားရလို့ ပုံမှန်ရနေတဲ့ ကွင်းဝင်ကြေးတွေ လုံးဝမရတော့သလို၊ ရုပ်သံ ရိုက်ကူးခွင့်နဲ့ အခြားသော ရပိုင်ခွင့်အားလုံး ဆုံးရှုံးနေတဲ့ အခြေအနေမှာ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကို တော့ ပုံမှန် လစာပေးချေနေရပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာတော့ လီဗာပူး၊စပါး၊ဘုန်းမောက်၊နယူးကာဆယ်၊နောဝှစ်အသင်းတွေက တော့ ကစားသမားမဟုတ်တဲ့ ဝန်ထမ်းတွေကို ယာယီခွင့်ပေးလိုက်ပါပြီ။

ဒါ့အပြင် ကစားသမားတွေကိုလည်း ဗြိတိန်အစိုးရ ထုတ်ပြန်ချက်နဲ့အတူ လစာရဲ့ ၃၀ ရာခိုင်နှုန်းလျော့ယူဖို့ အသင်းတွေက ညှိနှိုင်းနေကြပါပြီ။

အခြားသော ဥရောပထိပ်တန်းလိဂ်တွေလည်း ရပ်နားထားပြီး ကလပ်အသင်းအများစု ဒေဝါလီခံဖို့ရှိနေတယ်လို့ လည်း ဂျာမနီဖက်က သတင်းတွေအရ သိနေရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က