လိဂ်ပွဲစဉ်တွေဖျက်သိမ်းဖို့ကတော့ ဖြစ်နိုင်ခြေအနည်းဆုံးအခြေအနေပါ။
Win Kyaw Min

ဇွန် ၂ဝမှာ လက်ကျန်ပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့သဘောတူထားခဲ့ပြီးဖြစ်ပေမယ့် မသေချာတဲ့အခြေအနေေ တွရှိနေဆဲဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

ချန်ပီယံရှစ်ပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့ အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် မထင်ထားသောအခြေ အနေတစ်ရပ်ဖြစ်ပေါ်လာခြင်းနဲ့အတူ လိဂ်ပွဲစဉ်တွေဖျက်သိမ်းဖြစ်ခဲ့ပါက လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းတို့တို က်ရိုက်တန်းတက်ခွင့်ရရှိဖို့ရှိနေကြောင်း thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ လက်ကျန်ပွဲစဉ် ၉ပွဲကိုဆက်ကစားဖို့အတွက် အသင်းအားလုံးကို သဘောတူထားပြီး စနေ၊ တန င်္ဂနွေရက်များတွင် ပွဲစဉ် ၅ခု၊ ကြားရက်များတွင် ပွဲစဉ် ၄ခုကိုရက်သတ္တပတ်၆ပတ်အတွင်းအပြီးကျင်းပဖို့လျာထား ပြီးလည်းဖြစ်ပါတယ်။



EFL ရဲ့အတည်ပြုချက်အရ ပွဲစဉ်တွေကိုသာဖျက်သိမ်းဖြစ်ခဲ့ပါက Point-Per-Game စနစ်နဲ့ လက်ကျန်ပွဲစဉ်တွေ ကို အမှတ်ခွဲပေးဖို့ ဆုံးဖြတ်မှာဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဦးဆောင်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းတို့က တိုက်ရိုက်တန်းတက်ခွင့်ရဖို့ရှိနေခဲ့တာပါ။

အမှတ်ပေးဇယားရပ်တည်မှုအရ ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်၊ နော်တင်ဟမ်ဖောရက်စ်၊ ပရက်စတန်တို့က Play- Off ကစားခွင့်ရရှိမယ့် အဆင့် ၃ကနေ၆ အတွင်းရှိနေခဲ့ပြီး တန်းဆင်းဇုန်အတွင်းမှာတော့ ဘန်စလေ၊ချာလ်တန်၊ လူတန်တောင်းအသင်းတို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေအရတော့ လက်ကျန်ပွဲစဉ်တွေအားလုံးဆက်လက်ကစားသမားဖို့အတွက် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ဖိုရှိနေခဲ့ပြီး အပြီးသတ်သဘောတူထားတဲ့ ဇွန် ၂ဝရက်အမီ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က