အသင်း‌ခေါင်း‌ေဆောင်အဖြစ် ကစား‌နေသူပါ။

အူဘာမီယန်းကတော့ ၂၀၁၈ ဇန်နဝါရီလတုန်းက ဒေါ့မွန်အသင်းကနေ ပေါင် ၅၆ သန်းနဲ့အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့သူပါ။

အာဆင်နယ်အသင်းရဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကတော့ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ဥရောပ ဝင်ခွင့် ခက်ခဲနေတဲ့ အာဆင်နယ်ကနေ ထွက်တော့မယ်လို့  The Telegraph သတင်းဌာနက ဖော်ပြလာပါတယ်။



ဒါ့အပြင် ခြေစွမ်းမမှန်မှုတွေကြောင့်လည်း အသက် ၃၀ အရွယ် ဂါဘွန် တိုက်စစ်မှူးအနေနဲ့ မြောက်လန်ဒန် အသင်းရဲ့ အနာတ်မှာ ပါတလှည့် မပါတလှည့် ဖြစ်လို့နေပါတယ်။

ဒါကြောင့် ကလပ်အသင်းဖက်ကရော ကစားသမားဖက်ကရော လမ်းခွဲဖို့ များနေပြီး လာမယ့် ဇန်နဝါရီ‌ စျေးကွက်မှာ အပြောင်းအရွှေ့ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

အူဘာမီယန်းအနေနဲ့ လက်ရှိမှာ အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်နေရသူ ဖြစ်တာကြောင့် လက်ကျန် ရာသီသက်တမ်းမှာတော့ အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ပဥ္စလက်ဆန်တဲ့ လန်ဒန်ဒါဘီပွဲတုန်းကလည်း အသင်းအတွက် အဆင့်မြင့် ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးထားနိုင်ပါတယ်။




ဒါပေမယ့်လည်း ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ ၁၁ မှတ်ထိ ကွာဟနေခဲ့ပါပြီ။

၁၁ မှတ်ကွာဟနေပေမယ့်လည်း လက်ကျန် ပွဲများစွာ ကျန်ရှိနေသေးတာကြောင့် လာမယ့်ရာသီ ဥရောပ ဝင်ခွင့်ကိုတော့ မျှော်လင့်နိုင်ပါသေးတယ်။

လက်ရှိမှာလည်း ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်အဆင့်မှာ အိုလံပီယာကို့စ်အသင်းနဲ့ လာမယ့် ဖေဖော်ဝါရီလ ထဲမှာ ကစားဖို့ ရှိနေပါသေးတယ်။

နည်းပြသစ် အာတီတာ ရောက်ရှိလာပြီးတဲ့ နောက်မှာတော့ အူဘာမီယန်းအပါအဝင် ကွင်းလယ်လူ ဇာခါတို့နဲ့ နည်းပြ အာတီတာတို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမနေဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဇာခါကလည်း ဂျာမန်ကလပ် ဟာသာဘာလင်ကို ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပြီး အခုအခါအူဘာမီ ယန်းလည်း ထွက်ဖို့ သတင်းထွက်လာတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က