လာမယ့်တနင်္ဂနွေနေ့မှာ တွေ့ဆုံသွားရမှာပါ။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယမန်နေ့ညက ရက်ဒ်စတားဘဲလ်ဂရိတ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ပုံစံကို ပရီးမီးယားလိဂ်အထိ မယူဆောင်နိုင်ဘူးဆိုရင် အလကားပဲဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း The National ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ လာမယ်လာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဆားဘီးယားလိဂ်ချန်ပီယံ ရက်ဒ်စတားဘဲလ်ဂရိတ်ကို အိမ်ကွင်းမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆိုးရွားတဲ့ရာသီအစကို မေ့လျော့စေခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ရက်ဒ်စတားဘဲလ်ဂရိတ်နဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ် ၂၂ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်ကြောင့် ကစားသမားတွေဟာ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟယ်ရီကိန်းက ချန်ပီယံလိဂ်ပြိုင်ပွဲက ပုံစံကို ပရီးမီးယားလိဂ်အထိ ယူဆောင်နိုင်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။



“ကျွန်တော်တို့ တစ်ပွဲနိုင်၊ တစ်ပွဲရလဒ်ကို ဘယ်လို သယ်ဆောင်မလဲဆိုတာအပေါ်မှာ မူတည်ပါတယ်”

“အိမ်ကွင်းမှာ အနိုင်ရရှိလိမ့်မယ်လို့ ကျွန်တော်တို့ အားလုံးမျှော်မှန်းထားခဲ့ပြီးသားပါ။ အဲဒီတော့ ကျွန်တော်တို့ အရမ်းကြီး စိတ်မလှုပ်ရှားခဲ့ကြပါဘူး။ ကျွန်တော်တို့ ဆက်လက်ပြီး အာရုံစူးစိုက်ပြီး အဲဒီပုံစံကို ပရီးမီးယားလိဂ်အထိ ယူဆောင်ရပါမယ်။ အဲဒါက ကျွန်တော်တို့ လိုအပ်နေခဲ့တဲ့ အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ခွန်အားအများအပြား၊ များပြားတဲ့ဂိုး၊ ပေးဂိုးမရှိပွဲပါ။ ပြီးပြည့်စုံတဲ့ညတညပါပဲ”

“ဒါပေမယ့် အဲဒါက ဒီမှာတင်ရပ်လို့မရပါဘူး။ ဒီပွဲစဉ်က ကျွန်တော်တို့ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တဲ့ပွဲစဉ်ပါ။ ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ အရမ်းခက်ခဲတဲ့ပွဲစဉ်ရှိနေပြီး အဲဒီတော့ အဲဒီပွဲစဉ်ကို ဒီအရှိန်အဟုန်ကို ယူဆောင်သွားရပါမယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။



က္က