ပရီးမီးယားလိဂ်ဖလားကိုလည်း ရရှိမယ်လို့ သူက ယုံကြည်နေပါတယ်။
Pyae Phyo Thein

ကာရေဂါက ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို အထင်ကြီးမှု အပြည့်အဝရှိနေပြီး အမှတ်ပေးဖလားကိုပါ (၃)ကြိမ်ဆက် ဗိုလ်စွဲမယ့်အသင်းလို့ မှတ်ယူထားကြောင်း Give Me Sports က ဖော်ပြသွားခဲ့ပါတယ်။


လီဗာပူးလ်နောက်ခံလူဟောင်းဂျင်မီကာရေဂါက လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအသင်း ဗိုလ်စွဲလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို အထင်ကြီးမှု အပြည့်အဝရှိနေပြီး အမှတ်ပေးဖလားကိုပါ (၃)ကြိမ်ဆက် ဗိုလ်စွဲမယ့်အသင်းလို့ မှတ်ယူထားကြောင်း Give Me Sports က ဖော်ပြသွားခဲ့ပါတယ်။



လီဗာပူးလ်ဂန္ထဝင်နောက်ခံလူဟောင်းက အသင်းဟောင်း လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်ပေမယ့်လည်း မန်စီးတီးကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ ယူဆထားပြီး အဆင့် (၂)နေရာမှာသာ ရပ်တည်ရလိမ့်မယ်လို့ ဆိုပါတယ်။ Telegraph သတင်းစာမှာ ဆောင်းပါးရှင်အဖြစ်လည်း ကာရေဂါက ရေးသားနေပြီး အဆိုပါသတင်းစာမှာ သူ့ရဲ့အာဘော်ကို ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အနေနဲ့ အက်ဖ်အေဖလားကို ဆွတ်ခူးပြီး တော့တင်ဟမ်ဟော့စပါးက လိဂ်ဖလား၊ မန်စီးတီးက ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်တို့ကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကာရေဂါက သုံးသပ်ရေးသားခဲ့ပါတယ်။ ထိပ်ဆုံးလေးသင်းစာရင်းမှာလည်း မန်စီးတီး၊ လီဗာပူးလ်၊ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့က အစဉ်လိုက်ရပ်တည်ပြီး ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ထိပ်ဆုံးလေးသင်းပြင်ပမှာသာ ရပ်တည်နိုင်မယ်လို့လည်း သူက ယူဆထားပါတယ်။

လက်ရှိမှာ မန်စီးတီး၊ လီဗာပူးလ် နဲ့ တော့တင်ဟမ်တို့က ပရီးမီးယားလိဂ်မှာ အင်အားတောင့်တင်းတဲ့ လူစာရင်းကို ကိုယ်စီပိုင်ဆိုင်ထားကြပြီး ကာရေဂါရဲ့ ခန့်မှန်းမှုက မှန်ကန်နိုင်ဖို့ နီးစပ်ဖွယ်ရှိနေပါတယ်။ အခြားသော နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မိုက်ကယ်အိုဝင်၊ ဘာဘာတော့ဗ်၊ ဖာဒီနန်တို့ကလည်း မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ်ဖလားကို ထပ်မံဆွတ်ခူးလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က