သူရရှိမယ့် ဆုကြေးကို လျော်ကြေးသဘောတောင်းဆိုသွားမှာပါ။
Pyae Phyo Thein

ဒီဘရိုင်းဟာ မန်စီးတီးရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၃ ဂိုး နဲ့ ဖန်တီးမှု ၂၀ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့သူဖြစ်ပါတယ်။ 


ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီးတီးအသင်းပိတ်ပင်ခံခဲ့ရမယ်ဆိုပါက ကွင်းလယ်လူဒီဘရိုင်းဟာ အသင်းဆီကနေ လျော်ကြေးငွေတောင်းဆိုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးမျှတစွာကစားရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးနောက် မန်စီးတီးဟာ ၂နှစ်တိတိ ပိတ်ပင်ခံခဲ့ရပြီးတော့ လက်ရှိမှာ နိုင်ငံတကာအားကစားခုံရုံးကို အယူခံဝင်ထားတာဖြစ်ပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်းမှာ မန်စီးတီးအသင်းရဲ့အယူခံကို ဆုံးဖြတ်သွားတော့မှာလည်းဖြစ်ပါတယ်။ မန်စီးတီးအတွက်လည်း စိုးရိမ်စရာအနေအထားမှာရှိနေသလို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရပါက အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေ ထွက်ခွာသွားနိုင်တဲ့အပေါ်မှာကလည်း သူတို့အတွက် ထိတ်လန့်စရာအကြောင်းရင်းတစ်ခုအဖြစ်ရှိနေပါတယ်။

အသက် ၂၉ နှစ်အရွယ် ကီဗင်ဒီဘရိုင်းရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားကို ဥရောပထိပ်တန်းပြိုင်ပွဲမှာ ကစားခွင့်မရမယ့်အပေါ်မှာ စိုးရိမ်နေတယ်လို့ သိရပါတယ်။ အဓိကအကြောင်းရင်းကတော့ ငွေရေးကြေးရေးဆိုင်ရာပြသနာဖြစ်ပြီး ဒီဘရိုင်းဟာ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနေပါက ဆုကြေးငွေအဖြစ် ယူရို ၁.၅သန်းအထိရရှိနေတာဖြစ်ပါတယ်။

ဒီအတွက် မန်စီးတီးသာ ၂ရာသီတိတိပိတ်ပင်ခံရပါက ယူရို ၃ သန်းအထိ နစ်နာဖို့ရှိနေပြီး ဒီဘရိုင်းက အဆိုပါဆုကြေးကို လျော်ကြေးသဘောမျိုးပေးချေစေချင်နေတယ်လို့လည်း သိရပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၃ ဂိုး နဲ့ ဖန်တီးမှု ၂၀ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့သူဖြစ်ပါတယ်။ 

ဒီဘရိုင်းအပြင် အခြားသောကစားသမားတချို့ကလည်း အသင်းကနေထွက်ခွာဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ မန်စီးတီးအနေနဲ့ အသင်းကစားသမားတွေကို ထွက်ခွာစေလိုခြင်းမရှိပါက စာချုပ်ပါအချက်အလက်တွေကို ပြောင်းလဲချုပ်ဆိုဖို့အတွက်လည်း လိုအပ်တယ်လို့ သိရပါတယ်။ 


Author


က္က