အသင်းပရိသတ်တွေလည်း ကျေနပ်နေလိမ့်မယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၄ပွဲ ဝင်ရောက်ကစားပေးခဲ့ပြီး ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ပေမယ့်လည်း ဆုဖလားအများအပြားအတွက် တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ပြသရဥိးမယ်လို့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ လက်စတာနဲ့ပွဲမှာ ပယ်နယ်တီကတဆင့် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ကို ဇန်နဝါရီကာလမှာ ခေါ်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရလဒ်ပိုင်းရော၊ ကစားဟန်ပါ တိုးတက်မှုတွေရှိလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကောင်းကောင်းခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ ရာသီအကုန်မှာတော့ အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြကစားခဲ့ပြီး ကျေနပ်ဖွယ်ရာ ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ 

"ချန်ပီယံလိဂ်ပြိုင်ပွဲက အမြဲတမ်းထူးခြားကောင်းမွန်နေတာပါ၊ အသင်းပရိသတ်တွေကိုယ်တိုင်လည်း ဒီအတွက်ကျေနပ်နှစ်သိမ့်နေမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပိုပြီးတော့ ထူးခြားကောင်းမွန်ပါလိမ့်မယ်၊ အကောင်းဆုံးပွဲတွေ၊ ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲတွေကို ကျွန်တော်တို့ ဝင်ရောက်ကစားရဖို့ ထိုက်တန်ပါတယ်၊ ယူရိုပါလိဂ်ကို ဆန့်ကျင်တာာမဟုတ်ပါဘူး၊ ဒါပေမယ့် ချန်ပီယံလိဂ်က ပိုပြီးကောင်းမွန်တယ်ဆိုတာကို အားလုံးသိထားပြီးသားပါ"

"ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်၊ ဒါကြောင့် ဒီထက်မကပိုမိုခက်ခဲတဲ့အရာတွေအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါဥိးမယ်" လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၄ပွဲ ဝင်ရောက်ကစားပေးခဲ့ပြီး ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ 


Author


က္က