ဝက်ဖို့ဒ်န့ဲပွဲမှာ တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဝက်ဖို့ဒ်ကို မနေ့ညက အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်က ပင်နယ်တီကတဆင့် ဂိုးသွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရရှိခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွငး်လယ်လူဘရူနိုဖာနန်ဒက်စ်က အသင်းကို ချန်ပီင်္ယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးသွားဖို့အတွက်က သူ့ရဲ့အိပ်မက်တစ်ခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝက်ဖို့ဒ်ကို မနေ့ညက အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်က ပင်နယ်တီကတဆင့် ဂိုးသွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရရှိခဲ့ပါတယ်။ 

မာဆွန်ဂရင်းဝုဒ်ရဲ့ သွင်းဂိုးအတွက်လည်း ဖာနန်ဒက်စ်က ဖန်တီးပေးနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ယူနိုက်တက်က ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ အဆင့်ငါးနေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီးနဲ့ ၃မှတ်အကွာအနေအထားမှာ ယူနိုက်တက်ကရပ်တည်နေပြီး ပေါ်တူဂီကွင်းလယ်လူက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကူညီသွားမယ်လို့ BBC နဲ့တွေ့ဆုံခဲ့မှုမှာ ပြောဆိုသွားခဲ့ပါတယ်။ 

"ကစားသမားတိုင်းလိုချင်နေတဲ့ နေ့ရက်မျိုးကို ရရှိခဲ့တာပါ၊ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံံစံကို ပေးဆပ်ကစားခဲ့ပြီး ကျွန်တော့်အတွက်တော့ အိမ်ကွင်းနိုင်ပွဲပထမဆုံးအကြိမ်ရရှိခဲ့တာပါ၊ ကျွန်တော်တို့ချန်ပီင်္ယံလိဂ်ဝင်ခွင့်လိုချင်တယ်ဆိုတာ အားလုံးသိပြီးသားပါ၊ ကျွန်တော်လည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးသွားဖို့ ဒီမှာရှိနေဖြစ်ပြီး နိုင်ပွဲတွေဆက်တိုက်ရဖို့အတွက် လက်ရှိခြေစွမ်းကို ထိန်းသိမ်းသွားမှာပါ"

"ဂိုးသွင်းနိုင်ခဲ့လို့ ကံကောင်းတယ်လို့ခံစားမိပါတယ်၊ ကျွန်တော်တို့အားလုံးနိုင်ပွဲနဲ့ ထိုက်တန်ပြီး အသင်းကို ကျွန်တော်ကူညီနိုင်ခဲ့ပါတယ်၊ ကျွန်တော် ဘာလုပ်ချင်တာလဲဆိုတာက အဲဒါပါပဲ" လို့ ဖာနန်ဒက်စ်က ဖွင့်ဟခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အသင်းသမိုင်းမှာ ပွဲဦးထွက်သွင်းဂိုးကို ပင်နယ်တီကတဆင့်ရရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ Goal.com ရဲ့ ဖော်ပြချက်အရလည်း သိရှိရပါတယ်။ 



က္က