၁၉၆၂-၆၁ ချန်ပီယံဆုကိုတော့ အဲဗာတန်အသင်းရယူနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ဖြစ်ရပ်ဟာ မာဆေးဆိုက်အခြေစိုက်မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ဖြစ်ရပ် ဟောင်းနဲ့တိုက်ဆိုင်နေခဲ့တာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်များရွှေ့ဆိုင်းခဲ့တဲ့အတွက် ချန်ပီယံဆုရရှိရန်အသေချာ ဆုံးဖြစ်နေတဲ့ လီဗာပူးအသင်းရဲ့ အခြေအနေဟာ မြို့ခံပြိုင်ဘက်အဲဗာတန်အသင်းရဲ့ဖြစ်ရပ်ဟောင်းနဲ့တိုက်ဆိုင် နေခဲ့တယ်လို့ thesun က မှတ်တမ်းများနဲ့အတူ ဖော်ပြသွားခဲ့ပါတယ်။



လီဗာပူးအသင်းဟာ လက်ရှိမှာ ရာသီကုန်ဆုံးဖို့ ၉ပွဲကျန်ရှိနေရာမှာ ၂ပွဲအနိုင်ရရှိခဲ့ရုံဖြင့် နှစ် ၃ဝအကြာဆုံးရှုံးခဲ့တဲ့ အမှတ်ပေးဇယားချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်မှာဖြစ်သော်လည်း လက်ရှိအခြေအနေအရ အချိန်ကြန့် ကြာမှုများရှိလာခဲ့ခြင်းကြောင့် ပရိသတ်များအတွက် အခက်အခဲများရှိလာခဲ့တာလည်းဖြစ်ပါတယ်။



မြို့ခံပြိုင်ဘက်အဲဗာတန်အသင်းအနေနဲ့ ၁၉၆၂-၆၃ ဘောလုံးရာသီတွင် လီဗာပူးအသင်းရင်ဆိုင်ခဲ့ရတဲ့အခြေအ နေမျိုးနဲ့ထပ်တူကျခဲ့တဲ့အတိုင်း ပွဲစဉ်အချို့ရွှေ့ဆိုင်းခဲ့ရပြီး ဆောင်းရာသီကာလအတွင်း အဆိုးရွားဆုံးရာသီဥတု အခြေအနေကြောင့် ၃လနီးပါးပွဲချိန်ရွှေ့ဆိုင်းရတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

မှတ်တမ်းဖော်ပြချက်အရ ၁၉၆၂-၆၃ ဘောလုံးရာသီတွင် အမှတ်ပေးချန်ပီယံဆုဖလားအတွက်အဲဗာတန်၊ တော့ တင်ဟမ်ဟော့စပါး၊ ဘန်လေတို့ အပြိုင်ဖြစ်ခဲ့ပြီး အအေးချိန်လွန်ကဲခဲ့တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွ င်း ကစားမယ့် ပွဲစဉ်များကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ယ်လို့လည်း wikipediaမှတ်တမ်းတွေအရသိရပါတယ်။

သို့ဖြစ်၍ ချန်ပီယံဆုရရှိဖို့အသေချာဆုံးအခြေအနေကိုပိုင်ဆိုင်ခဲ့ပေမယ့် အခြေအနေအချို့ကြောင့် ပွဲစဉ်တွေရွှေ့ ဆိုင်းခဲ့ရတဲ့ အဲဗာတန်နဲ့လီဗာပူးအသင်းရဲ့ မှတ်တမ်းဖြစ်ရပ်ခြင်းက တိုက်ဆိုင်မှုတစ်ခုထက်ပိုမိုခဲ့တယ်လို့လည်း သုံးသပ်ဖော်ပြမှုများရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က