loading...

loading...

loading...

တော်တော်လေးဆိုးရွားတဲ့ ပုံစံကို မြင်တွေ့ခဲ့ရတာပါ။
Pyae Phyo Thein

မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်ဟာ (၂-ဝ)နဲ့ အရေးနိမ့်ခဲ့ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်စရာတွေလည်း ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲမှာ လီရွိုင်ဆာနေးရဲ့ ဒုတိယမြောက်သွင်းဂိုးကို ခွင့်ပြုခဲ့ရချိန်မှာ ယူနိုက်တက်ကစားသမားတွေရဲ့ နေရာယူပုံအနေအထားတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပရိသတ်အများအပြား ဝေဖန်လှောင်ပြောင်မှုတွေ ပြုလုပ်နေခဲ့ကြပါတယ်။ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်ဟာ (၂-ဝ)နဲ့ အရေးနိမ့်ခဲ့ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်စရာတွေလည်း ဖြစ်လာခဲ့ပါတယ်။

ဒါမီယန်၊ စမောလင်း၊ လင်ဒီလော့ဖ် နဲ့ ဂျက်ဆီလင်ဂတ်တို့ဟာ အလျားလိုက်ရှိနေရမယ့် ခံစစ်တန်းမှာ ဒေါင်လိုက်အနေအထားအတိုင်း ရှိနေခဲ့ပြီး ပြိုင်ဘက်တိုက်စစ်ကို သူတို့တွေရဲ့ ခုခံကာကွယ်ပုံ အနေအထားက ပြက်ရယ်ပြုချင်စရာဖြစ်ခဲ့ရပါတယ်။ တွစ်တာအသုံးပြုသူ တစ်ဦး

ဖြစ်တဲ့ ဂျိမ်းစ်နေလ်တန်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။

"လေးယောက်တန်းခံစစ်မှာ ဒေါင်လိုက်ပုံစံဖြစ်နေတာက နည်းစနစ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုမှာပါပဲ၊ ဒါက ယူနိုက်တက်စတိုင်လ်ပါ" လို့ ရေးသားခဲ့ပြီး ယူနိုက်တက်ကစားသမားတွေရဲ့ ကစားကွက်အနေအထားရုပ်ပုံကိုပါ ဖော်ပြခဲ့ပါတယ်။ အခြား ပရိသတ်တစ်ဦးကလည်း

"၁-၁-၁-၁-၃-၃ ဆိုတဲ့ ကစားကွက်ကို ဒီနေ့ညမှာ မြင်တွေ့ခဲ့ရတာပါ၊ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ" လို့ ရေးသားပြီး လှောင်ပြောင်ခဲ့ပါတယ်။

Wes Yim ဆိုသူကတော့ "ဒါကို T ပုံစံ နောက်တန်းလို့ ခေါ်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ဦးကလည်း "ခရစ္စမတ်သစ်ပင်ကစားကွက် မဟုတ်ဘူးလား" လို့ ရေးသားကာ ဟာသလုပ်ပြောဆိုခဲ့တဲ့အထိ ယူနိုက်တက်အသင်းသားတွေရဲ့ Position Out နေမှုက ပြောစရာအတိနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ပရိသတ်တချို့ကတော့ ယူနိုက်တက်ကစားသမားတွေဟာ မန်စီးတီးအသင်း ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။ ဒီပွဲကို အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ကတော့ အမှတ်ပေးဇယား အဆင့် (၆)နေရာမှာသာ ရပ်တည်နေခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် လက်ကျန် (၃)ပွဲမှာ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။


loading...

က္က