အဓိကတိုက်စစ်မှူးရက်ရှ်ဖို့ဒ် ခြောက်ပတ်ခန့်အနားယူရတော့မှာပါ။
Pyae Phyo Thein

လီဗာပူးလ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားအတွက် စိတ်ပျက်ဖွယ်ရာသတင်းတစ်ခုဖြစ်လာခဲ့ပြီး အားထားရတဲ့တိုက်စစ်မှူးကို လက်လွှတ်ရဦးမှာ ဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ နောက်ကျောဒဏ်ရာကြောင့် အနည်းဆုံးခြောက်ပတ်ခန့် အနားယူရတော့မယ်လို့ သိရပါတယ်။ လီဗာပူးလ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားအတွက် စိတ်ပျက်ဖွယ်ရာသတင်းတစ်ခုဖြစ်လာခဲ့ပြီး အားထားရတဲ့တိုက်စစ်မှူးကို လက်လွှတ်ရဦးမှာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကတော့ ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပြန်ကန်ပွဲစဉ်မှာ လူစားလဲပါဝင်ခဲ့ပြီးနောက် နောက်ကျောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် လီဗာပူးလ်နဲ့ပွဲကိုလည်း လွဲချော်ခဲ့ရပြီး ယူနိုက်တက်တိုက်စစ်ပိုင်းက အားနည်းမှုတွေရှိခဲ့ကာ ရက်ရှ်ဖို့ဒ်အနားယူရမယ့်ကာလအတွင်း ဆိုးလ်ရှားအတွက် တိုက်စစ်ပိုင်းပြသနာတွေကို ဖြေရှင်းရတော့မှာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက Sky Sports နဲ့ တွေ့ဆုံခဲ့ပြီး "သူ ဆိုးရွားတဲ့ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်နေရပါတယ်၊ ဝုလ်ဗ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာဖြစ်ပါတယ်၊ မားကပ်စ်အတွက်တော့ ကံဆိုးမှုပါပဲ၊ သူ အသင်းအတွက် ကစားပေးနိုင်ဦးမှာမဟုတ်သေးပါဘူး၊ ဖေဖော်ဝါရီလလယ်လောက်အထိ သူ အနားယူရမှာပါ၊ ဘယ်လောက်ထိ ကြာမလဲဆိုတာတော့ ကျွန်တော်မသိပါဘူး"

"ကျွန်တော်က ဆရာဝန်တစ်ယောကမဟုတ်ပါဘူး၊ ပုံမှန်အားဖြင့် သူရရှိထားတဲ့ ဒဏ်ရာမျိုးက အနည်းဆုံးခြောက်ပတ်လောက်အနားယူရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာပြသနာက တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူရဖို့ ဖန်တီးလာခဲ့ပြီး ဆိုးလ်ရှားက အငှားခေါ်ယူမှုပြုလုပ်ဖို့စဉ်းစားနေကာ ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ 


ယူနိုက်တက်မှာတော့ အဓိကကွင်းလယ်လူတွေဖြစ်တဲ့ မက်တော်မီနေးနဲ့ ပေါ့ဂ်ဘာတို့လည်း ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ပါ ဒဏ်ရာရစာရင်းထဲ ထပ်တိုးခဲ့ပါက ဆိုးလ်ရှားအတွက် လာမယ့်ပွဲစဉ်တွေက အခက်အခဲတွေနဲ့ သေချာပေါက်ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က