အခြားတစ်ဦးကိုပေးဖို့ ရော်နယ်ဒိုက ကတိပေးထားပြီးဖြစ်ပါတယ်။

ရုပ်သံပြကွက်တွေအရလည်း ပွဲအပြီးမှာ လက်ဆဲလက်စ်က ရော်နယ်ဒိုနဲ့ စကားပြောဆိုခဲ့ပြီး ရော်နယ်ဒိုက ခေါင်းခါပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ 


ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ပွဲအပြီးမှာ ငှက်ကျားကစားသမားနှစ်ဦးက ရော်နယ်ဒိုဆီက ဂျာစီတောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ အဆိုပါပွဲဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကို တကျော့ပြန်ရောက်လာတဲ့ ပထမဆုံးပွဲဖြစ်ပြီး ခြေစွမ်းပြကစားခဲ့ကာ ၂ ဂိုးအထိသွင်းယူခဲ့ပြီး အသင်းကို ၄-၁ နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။ 

ပွဲအပြီးမှာ နယူးကာဆယ်အသင်းခေါင်းဆောင် လက်ဆဲလက်စ် နဲ့ တိုက်စစ်မှူးဂျိုလင်တန်တို့က ရော်နယ်ဒိုရဲ့ဂျာစီကို ရနိုင်မလားလို့ သွားရောက်မေးမြန်းခဲ့ကြတယ်လို့ နယူးကာဆယ်ပရိသတ်တွေက ယုံကြည်နေကာ ဒေါသထွက်နေကြပါတယ်။ ရုပ်သံပြကွက်တွေအရလည်း ပွဲအပြီးမှာ လက်ဆဲလက်စ်က ရော်နယ်ဒိုနဲ့ စကားပြောဆိုခဲ့ပြီး ရော်နယ်ဒိုက ခေါင်းခါပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ 

တောင်းဆိုနေတဲ့အချိန်မှာလည်း ရော်နယ်ဒိုဟာ တနေရာကို လက်ညွှန်ပြခဲ့ပြီး သူပေးဖို့အတွက် ပြောဆိုထားပြီးဖြစ်တယ်ဆိုတာကို ရှင်းပြဟန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ကို ရော်နယ်ဒိုပြန်လည်ရောက်ရှိလာချိန်မှာပဲ သူ့ရဲ့ဂျာစီကိုအမှတ်တရရယူချင်တဲ့ ကစားသမားတွေရှိနေတယ်ဆိုတာကို အတိအလင်းမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် တဖက်မှာတော့ နယူးကာဆယ်ပရိသတ်တွေက အသင်းခေါင်းဆောင်လက်ဆဲလက်စ်ရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အသင်းရှုံးပွဲအတွက် စိတ်ပျက်နေမယ့်အစား ပြိုင်ဘက်ကစားသမားဆီက ဂျာစီကိုရယူဖို့သာ အားစိုက်နေတယ်လို့ တွစ်တာမှာ ရေးသားပြောဆိုခဲ့ကြတာဖြစ်ပြီး အခြားကစားသမားတစ်ဦးဖြစ်တဲ့ ဟေးဒန်းကလည်း ရော်နယ်ဒိုနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ 



က္က