အံ့အားသင့်ဖွယ်မှတ်တမ်းတချို့ ပါဝင်ခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ယူနိုက်တက်တကျော့ပြန်ကစားသမားဘဝ ပထမဆုံးပွဲမှာပဲ ရော်နယ်ဒိုက ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ အားလုံးထင်မှတ်ထားခဲ့ကြသလို ခြေစွမ်းမျိုးကို ပြသခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ကာ အသင်းတိုက်စစ်ကို ရော်နယ်ဒိုက ဦးဆောင်ခဲ့ပြီး ၄-၁ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရော်နယ်ဒိုဆွတ်ခူးခဲ့ပြီး ဒီပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကြောင့်လည်း အထင်ကြီးဖွယ်ရာမှတ်တမ်းတွေကို ထပ်မံပိုင်ဆိုင်သွားခဲ့ပါတယ်။ သူ့ရဲ့မှတ်တမ်းတွေကတော့ အံ့အားသင့်စရာကောင်းသလို ထင်မှတ်မထားတဲ့ အချက်အလက်မှတ်တမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ 

Plannetfootball က ဖော်ပြခဲ့တဲ့ မှတ်တမ်းတွေကတော့ :


- ၂၀၀၉ မှာ ရီးရဲလ်ကို ယူနိုက်တက်ကနေ ပြောင်းရွှေ့ပြီး ၁၂ နှစ်အကြာမှာ ပြန်ရောက်လာခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်ပွဲစဉ်ပြန်လည်ကစားခဲ့မှုမှာ အချိန်အကြာဆုံးကွာဟချက်စံချိန်လည်းဖြစ်လာခဲ့ပါတယ်။ 


- နယူးကာဆယ်ဧရိယာအတွင်း ဘောလုံးထိချက် ၈ ကြိမ်သာရှိခဲ့ပေမယ့် ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


- ဂိုးကန်သွင်းခွင့် ၆ ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၂ကြိမ်မှာ ၂ ဂိုး ရရှိခဲ့ပါတယ်။ 


- ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူသူစာရင်းမှာ အဆင့် ၄၄ နေရာကို ရောက်လာခဲ့ပြီး တီဗက်ဇ်၊ ဆာလာ၊ ဟာဇက် နဲ့ တောရက်စ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 


- ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးပေါင်း ၃ဝနဲ့အထက်ကို ၁၅ နှစ်ဆက်တိုက်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။


- နယူးကာဆယ်နဲ့ပွဲက သူ့ရဲ့ဒုတိယဂိုးအတွက် ရော်နယ်ဒိုဟာ တစ်နာရီကို ၂၀.၂ မိုင်နှုန်းနဲ့ ပြေးလွှားခဲ့ပါတယ်။


- ပေးပို့မှု ၈၇% တိကျခဲ့ပြီး Final Third Zone အတွင်း ၁၇ ကြိမ်အောင်မြင်စွာပေးပို့နိုင်ခဲ့ကာ အခွင့်အရေးတစ်ကြိမ်ဖန်တီးပေးခဲ့ပါတယ်။


- ပရီးမီးယားလိဂ်မှာ အသက်အကြီးဆုံးဂိုးသွင်းထားသူတွေအဖြစ် ရွိုင်ယန်ဂစ် နဲ့ ပေါလ်စခိုးတို့ နှစ်ဦးတည်းသာ ရော်နယ်ဒိုအထက်မှာ ရှိပါတော့တယ်။


- တစ်ပွဲသာကစားထားရပြီးနောက် ရော်နယ်ဒိုဟာ ဂျက်ဂရီလစ်ရှ်၊ ကိုင်ဟာဗက်ဇ်၊ ဖာမီနိုနဲ့ အာဆင်နယ်တို့ထက် ဒီရာသီပရီးမီးယားဂိုး ပိုမိုရရှိထားပါတယ်။ 



က္က