၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။
Kyaw Ko Ko Sint

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ချယ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ နယူးကာဆယ်အသင်းရဲ့အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ရာသီအစ ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိထားပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ယနေ့ညပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

1chenew0212-2.jpg 

နောက်ဆုံးတွေ့ဆုံထားတဲ့ ၁၀ပွဲမှာ ချယ်ဆီးအသင်းက နယူးကာဆယ်အသင်းကို ၅ ပွဲနိုင် ၃ ပွဲရှုံး ၂ ပွဲသရေကျ ထားပါတယ်။ ရလဒ်ပိုင်းအရ ကြည့်မယ်ဆိုရင် ချယ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို အနည်းငယ်အသာစီးရရှိထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကုန်ဆုံးခါနီးမှာ နယူးကာဆယ်အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

 

ပွဲကြိုအချက်အလက်များ

 

- ချယ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို အဝေးကွင်း ၁၁ ပွဲအထိ ရှုံးနိမ့်ထားပြီး အာဆင်နယ်အသင်းနဲ့အဝေးကွင်း ၁၂ ပွဲ၊ လီဗာပူးအသင်းနဲ့အဝေးကွင်း ၁၃ ပွဲရှုံးနိမ့်ထားပါတယ်။

- နယူးကာဆယ်အသင်းနဲ့ တနင်္ဂနွေနေ့မှာတွေ့ဆုံယှဉ်ပြိုင်ကစားတာဟာ ယနေ့ညပွဲနဲ့ဆိုရင် ၁၁ ကြိမ်အထိ ရှိလာမှာဖြစ်ပြီး အရင်ကစားခဲ့တဲ့ ၁၀ ကြိမ်မှာ နယူးကာဆယ်အသင်းက ၄ ပွဲနိုင် ၅ ပွဲသရေ ၁ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။

- နယူးကာဆယ်အသင်းဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ကစားခဲ့တဲ့ အိမ်ကွင်း ၃ ပွဲစလုံး အနိုင်ရရှိထားပြီး မန်ယူ၊ အာဆင်နယ်၊ ချယ်ဆီး စတဲ့အသင်းကြီးတွေကို ဖြစ်ပါတယ်။

- ယနေ့ညပွဲစဉ်မှာ ချယ်ဆီးအသင်းအနိုင်ရရှိခဲ့မယ်ဆိုရင် နည်းပြဆာရီဟာ ပရီးမီးယားလိဂ်အစ ပွဲစဉ် ၃ ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တဲ့ ၅ ဦးမြောက်နည်းပြဖြစ်လာမှာဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

 

ဂယ်ရီကာဟေးလ်ဟာ ယခုရာသီ နည်းပြဆာရီရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့်မရရှိသေးတဲ့ ကစားသမားဖြစ်ပြီး ဆာရီက ကာဟေးလ်အနေနဲ့ နောက်ထပ်အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကာဟေးလ်နဲ့ပတ်သက်ပြီး ကျွန်တော်ထင်တာကတော့ ခံစစ်ကစားသမားတစ်ယောက်အတွက် အခုအချိန်မှာရက် ၂၀ လောက်ပဲ လေ့ကျင့်ရေးဆင်းပြီး အသင်းမှာ ကစားဖို့အတွက်ကတော့ ပိုခက်ခဲလိမ့်မယ်ထင်ပါတယ"

"ကျွန်တော်သူ့ကို အခု စိတ်ရှည်ရှည်ထားဖို့ လိုတယ်လို့ပြောခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက်အရမ်းအရေးကြီးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

ဒီအန်ဒရီရက်ဒ်လင် ပွဲစဉ် ၁ အဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအပတ်မှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။ စပါးနဲ့ပွဲစဉ်က ရက်ဒ်လင်နေရာမှာ လူစားဝင်ကစားခဲ့တဲ့ မန်ကွီလိုကိုတော့ ပွဲထွက်ခွင့် ပေးသင့်မပေးသင့် အကဲဖြတ်သွားမယ်လို့ သိရပါတယ်။

နည်းပြဘင်နီတက်ဇ်က ယခုနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ကစားသမားတွေအနေနဲ့ ကြံ့ခိုင်မှုတိုးတက်အောင် ပြုလုပ်နိုင်မယ်ဆိုရင် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

 

ပေါလ်မာဆွန်ရဲ့ ကြိုတင်ခန့်မှန်းချက်

 

နယူးကာဆယ်အသင်းက ရုန်းကန်နေရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကာဒစ်နဲ့ပွဲတုန်းက သူတို့ဘာလို့ ကနေဒီကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာလဲမသိဘူး။ သူကတော့ အိပ်မက်ဆိုးတွေ မက်သွားရပြီ။ အခုအချိန် နယူးကာဆယ်အသင်းမှာ ခံစားမှုတွေ နည်းနည်း ရှိနေနိုင်ပါတယ်။ ချယ်ဆီးအသင်းက အဲဒါကို အခွင့်ကောင်းယူသွားနိုင်မယ်လို့ ထင်ပါတယ်။

 

ချယ်ဆီးအသင်း နောက်တန်းက အံအားသင့်စရာကောင်းတယ်လို့ မမြင်ပါဘူး။ အာဆင်နယ်အသင်းက ဂိုးတွေသွင်းသွားတာပဲ ကြည့်ပါလား။ ဒါပေမယ့် နယူးကာဆယ်အသင်းကတော့ အာဆင်နယ်တိုက်စစ်လိုမျိုး မရှိပါဘူး။ ဆာရီက ပြောတယ်။ သူက တချိန်လုံးပြိုင်ဘက်အသင်းကို ဘောလုံးကိုင်ထားပြီး ဖိအားပေးချင်တာတဲ့။ သူတို့ ဖိအားမပေးထားနိုင်တဲ့ အချိန်ဆိုရင် မိနစ် ၂၀ လောက်လေးတောင် တော်တော်အန္တရာယ်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က