ပေါင်သန်း ၂၈၀ နဲ့ ဝယ်ယူဖို့ ကြိုးစားနေတာပါ။
Pyae Phyo Thein

BNG ဟာ နယူးကာဆယ်တိုက်စစ်မှူးဟောင်းအလန်ရှီးယား နဲ့ မိုက်ကယ်ချော်ပရာတို့ကို အကူအညီတောင်းခံထားပြီး အဆိုပါကစားသမားတွေရဲ့ ၀ိုင်းဝန်းအားထုတ်မှုနဲ့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။


နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ကြိုးစားနေတဲ့ Bellagraph Nova Group (BNG) က သူတို့အနေနဲ့ အသင်းကိုအလုံးစုံဝယ်ယူနိုင်ခဲ့ပြီးပါက ရော်နယ်ဒိုကစားသမားမျိုးတွေကို ခေါ်ယူပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ စင်ကာပူကျောထောက်နောက်ခံပြုအုပ်စုဟာ ပေါင်သန်း ၂၈၀ နဲ့ ဝယ်ယူဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ 

BNG ဟာ နယူးကာဆယ်တိုက်စစ်မှူးဟောင်းအလန်ရှီးယား နဲ့ မိုက်ကယ်ချော်ပရာတို့ကို အကူအညီတောင်းခံထားပြီး အဆိုပါကစားသမားတွေရဲ့ ၀ိုင်းဝန်းအားထုတ်မှုနဲ့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ BNG ရဲ့ တွစ်တာစာမျက်နှာမှာလည်း သူတို့ရဲ့ တန်ဖိုးအစစ်အမှန်ကို ကိုယ်စားပြုနိုင်မယ့် အရည်အသွေးမြင့်ကစားသမားတွေကို ခေါ်ယူသွားမယ်ဆိုတာကို ရေးသားထားကြောင်းသိရပါတယ်။

"အားကစားလောကအတွင်းမှာ အခန်းကဏ္ဍသစ်ဖွင့်လှစ်ဖို့အတွက် ကျွန်တေ်ာတို့ကြိုးစားနေပြီး ကျွန်တော်တို့ရဲ့တန်ဖိုးကို ကိုယ်စားပြုနိုင်မယ့် ရော်နယ်ဒိုလိုကစားသမားတွေကိုခေါ်ယူပြီး တည်ဆောက်သွားမှာပါ" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ Sky Sports ကလည်း နယူးကာဆယ်အသင်းပိုင်ရှင်မိုက်အက်ရှ်လေနဲ့ BNG တို့ဟာ ဆွေးနွေးညှိနှိုင်းနေတာ အတော်ခရီးပေါက်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်ကိုဝယ်ယူဖို့ ဆော်ဒီအုပ်စုကလည်း ကြိုးစားခဲ့ပေမယ့် ၀ိုင်းဝန်းကန့်ကွက်မှုတွေရှိခဲ့ပြီးနောက်မှာ ပျက်ပြယ်ခဲ့ရပါတယ်။ ကာတာအုပ်စုက အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ BNG က ကြိုးစားလာခဲ့တာဖြစ်ပြီး အသင်းကိုလက်လွှဲရယူနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 


Author


က္က