ပယ်နယ်တီကန်သွင်းရတာ ထင်သလိုမလွယ်ဘူးလို့ ဝေဖန်သူတွေကို တုံ့ပြန်ခဲ့ပါတယ်။
Pyae Phyo Thein

သူ့အပေါ်လှောင်ပြောင်နေမှုတွေကို ဖာနန်ဒက်စ်က တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ပယ်နယ်တီအရေအတွက်တွေများပြားလာတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီသွင်းဂိုးတွေဟာ ပွဲတစ်ပွဲအတွက် အရေးပါကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပယ်နယ်တီသွင်းဂိုးတွေပဲ ကန်သွင်းတတ်သူလို့ သူ့အပေါ်လှောင်ပြောင်နေမှုတွေကို ဖာနန်ဒက်စ်က တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ပယ်နယ်တီအရေအတွက်တွေများပြားလာတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီရဲ့ ရာသီဝက်ကာလမှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး သွင်းဂိုးအများစုကို ဖာနန်ဒက်စ်က ပယ်နယ်တီကနေ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ရာသီအဖွင့်ပွဲမှာ ပဲလေ့စ်ကိုအရေးနိမ့်ခဲ့ပြီး ပယ်နယ်တီခွင့်ပြုပေးရကာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲအတွင်း ပယ်နယ်တီရရှိမှု ၁၃ ကြိမ်ရှိခဲ့ပြီး ၁၁ ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ 

"ပယ်နယ်တီတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အများကြီးမပြောချင်ပါဘူး၊ ဘာလို့လဲဆိုတော့ လူတိုင်းက ဘရူနိုဟာ ပယ်နယ်တီဂိုးတွေပဲ သွင်းနိုင်တယ်လို့ ပြောနေကြပါတယ်၊ တခြားသူတွေ သွင်းနေရင်တော့ ပြသနာမရှိပါဘူး၊ သူတို့လည်း ပယ်နယ်တီကနေဂိုးသွင်းတာပဲလေ၊ ပယ်နယ်တီက ပွဲတစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ဂိုးတွေသွင်းနိုင်ဖို့ လိုအပ်ပါတယ်၊ ခင်ဗျားမှာ အခွင့်အရေးရှိနေရင်တောင်မှ ဂိုးသွင်းနိုင်မှရမှာပါ"

"ပယ်နယ်တီကန်သွင်းရတာ လွယ်တယ်လို့ လူတွေကထင်နေကြတယ်၊ ဒါပေမယ့် ဗိုလ်လုပွဲမှာ ပယ်နယ်တ်ီနဲ့လည်း ရှုံးနိုင်တယ်လေ၊ ယူနိုက်တက်က မော်စကိုချန်ပီယံလိဂ်မှာ ချယ်လ်ဆီးကို ပယ်နယ်တီနဲ့နိုင်ခဲ့တာပါ၊ တီဗီရှေ့မှာတော့ လူတွေကလွယ်တယ်ထင်နေကြတယ်၊ ဂိုးသမားက ဘယ်ဘက်ကိုဒိုက်ထိုးဖမ်းရင် မင်းက ဘာလို့ ညာဘက်ကိုမကန်တာလဲထင်မယ်၊ မှန်ပါတယ်၊ ဒါပေမယ့် ညာဘက်ကို ကျွန်တော်ကန်ခဲ့ရင်တောင် ဂိုးသမားမိသွားနိုင်တယ်ဆိုတဲ့အတွေးမျိုး ကန်သွင်းသူတွေမှာ ရှိကြပါတယ်"

"ကျွန်တော်တို့အသင်းမှာ ပယ်နယ်တီကန်သွင်းတာကောင်းမွန်သူတွေရှိပါတယ်၊ ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့ပေါ့၊ တကယ်လို့ သူတို့က ပယ်နယ်တီကန်သွင်းဖို့ တောင်းဆိုလာမယ်ဆိုလည်း ကျွန်တော်ငြင်းနေမှာမဟုတ်ပါဘူး၊ ဘာပြသနာမှမရှိပါဘူး၊ လာတောင်းဆိုရင် ကန်ခွင့်ပေးလိုက်မှာဖြစ်ပြီး ကျွန်တော်ကန်သွင်းဖို့အတွက် မကြိုးစားရတော့ဘူးပေါ့" လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က