အဂူရို မသက်သာသေးချိန်မှာ ဂျီးဆပ်ကပါ ဒဏ်ရာရရှိသွားခဲ့တာပါ။
Pyae Phyo Thein

ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းကနေ ဂျီးဆပ်ဟာ နုတ်ထွက်ခဲ့ရပြီး ကလပ်အသင်းအတွက်လည်း ၃ပွဲခန့်လွဲချော်တော့မှာဖြစ်ပါတယ်။ 


ကစားသမားအများစုဒဏ်ရာရရှိနေပြီး ၁၃ဦးတည်းသာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဂျီးဆပ်ရဲ့ ဒဏ်ရာရရှိမှုကြောင့် ပိုပြီးစိတ်ပျက်စရာဖြစ်လာခဲ့ရပါပြိ။ နောက်လအတွင်းကစားသွားမယ့် ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းကနေ ဂျီးဆပ်ဟာ နုတ်ထွက်ခဲ့ရပြီး ကလပ်အသင်းအတွက်လည်း ၃ပွဲခန့်လွဲချော်တော့မှာဖြစ်ပါတယ်။ 

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဒဏ်ရာသတင်းဟာ အဂူရိုကို လက်လွှတ်ထားရတဲ့ ဂွာဒီယိုလာအတွက် တော်တော်လေးအခက်တွေ့စေခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်ပိုင်းမှာ အားကိုးရမယ့် တိုက်စစ်ကစားသမားစစ်စစ်အဖြစ် ဂျီးဆပ်တစ်ဦးတည်းသာ ရှိနေတာဖြစ်ပြီး စတာလင်က တောင်ပံတိုက်စစ်ကစားသမားသာဖြစ်လို့ လက်ရှိမှာ ဂွာဒီယိုလာအတွက် တိုက်စစ်မှူးပြသနာရင်ဆိုင်နေရပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

အခြားတိုုက်စစ်အားသန်ကစားသမားတွေဖြစ်တဲ့ မာရက်ဇ်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ သက်သာခါစရှိသေးပြီး ဘာနာဒိုဆေးလ်ဗားကလည်း ကြွက်သားဒဏ်ရာရရှိနေလို့ မန်စီးတီးတိုက်စစ်ပိုင်းဟာ တော်တော်လေးအားနည်းနေပြီဖြစ်ပါတယ်။ ဒီနေ့မှာလည်း လက်စတာနဲ့ ကစားရမှာဖြစ်ကာ တောင့်တင်းတဲ့အသင်းဖြစ်နေတာက ဂွာဒီယိုလာကို အခက်တွေ့စေနိုင်ဦးမှာလည်းဖြစ်ပါတယ်။ 

"ကျွန်တော်တို့မှာ ကစားသမား ၁၃ဦးပဲကြံ့ခိုင်မှုပြည့်ဝနေပါယ်၊ တိုက်စစ်ပိုင်းမှာ ပြသနာတွေရှိနေပြီးတော့ အကယ်ဒမီက ကစားသမာေးတွကို လိုအပ်နေပါပြီ" လို့ မနေ့ကပဲ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် လက်စတာစီးတီးဟာ အဖွင့်ပွဲ ၂ပွဲဆက်တိုက်အနိုင်ရရှိထားပြီး တိုက်စစ်ပိုင်းက ၇ ဂိုးအထိ ရရှိထားကာ ပေးဂိုး ၂ဂိုးခွင့်ပြုထားရပါတယ်။ 


Author


က္က