ပွဲသိမ်းခရာမှုတ်ပြီးချိန်မှ ပယ်နယ်တီပြန်လည်ရရှိခဲ့တာပါ။

ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲတစ်ပွဲအဖြစ် ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ ညနေ ၆ နာရီမှာကစားခဲ့ကြပါတယ်။

ဘရိုက်တန်ဟာ အိမ်ကွင်းမှာ ယူနိုက်တက်ကို အခက်တွေ့အောင်ကစားနိုင်ခဲ့ပြီး အနိုင်ရလောက်တဲ့ ခြေစွမ်းမျိုးအထိပါ ပြသခဲ့တာကို တွေ့မြင်ခဲ့ရပေမယ့်လည်း ကံဆိုးမှုတွေရှိခဲ့လို့ အရှုံးနဲ့သာ ရင်ဆိုင်သွားခဲ့ရပါတယ်။ ဘရိုက်တန်တိုက်စစ်ပိုင်းဟာ ယူနိုက်တက်ခံစစ်ကို တော်တော်လေးအခက်တွေ့အောင် ဖန်တီးနိုင်ခဲ့ပြီး အပိုင်ဂိုးသွငး်ခွင့်တွေလည်း အများအပြားရရှိခဲ့ပါတယ်။



ပထမပိုင်းမှာ ပယ်နယ်တီကတဆင့် မူပေးက ဦးဆောင်ဂိုးသွင်းယူူပေးခဲ့ပေမယ့်လည်း ၃ မိနစ်အကြာမှာပဲ ဖာနန်ဒက်စ်ရဲ့ အလွတ်တည်ကန်ဘောကတဆင့် လီဝစ်ဒန့်ခ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ တစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ပယ်နယ်တီအများဆုံးရရှိခဲ့တဲ့အသင်းဖြစ်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာတော့ နှစ်ပွဲကစားအပြီးမှာပဲ နှစ်ပွဲစလုံးကို ပယ်နယ်တီကန်ခွင့်တွေပြုထားရပြီး ပြီးခဲ့တဲ့ရာသီနဲ့ ပြောင်းပြန်ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဘရိုက်တန်က ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီး မူပေး၊ ထရိုဆာ့ဒ်၊ ဆိုလီမာ့ချ်တို့ရဲ့ ကန်သွင်းချက်တွေဟာ တိုင်ထိမှန်မှု၊ လွဲချော်မှုတွေကြောင့် နစ်နာခဲ့ရပါတယ်။

ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကိုတော့ ရက်ရှ်ဖို့ဒ်က ၅၅ မိနစ်မှာ သွင်းယူခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို တစ်ဦးတည်းဆွဲပြေးကာ ဘရိုက်တန်ခံစစ်ကစားသမားတွေကို အကြိမ်ကြိမ်လှည့်စားပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံးမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးဂိုးသွင်းယူမှုဖြစ်ပြီး ဒီဂိုးအတွက်တော့ ပရိသတ်တွေ စိတ်ကျေနပ်နေမှာ သေချာပါတယ်။ 

ဒါပေမယ့်လည်း နာကျင်အချိန်ပိုနောက်ဆုံးမိနစ်ပိုင်းကတော့ တော်တော်လေးစိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါတယ်။ ဘရိုက်တန်ရဲ့ အကြိမ်ကြိမ်တိုက်စစ်ဆင်နေမှုတွေက ချေပဂိုးပြန်ရသွားခဲ့ပြီး ၂ဂိုးစီသရေနဲ့ ပြီးဆုံးပြီလို့ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာတော့ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို ဘရီုက်တန်ကစားသမားက လက်နဲ့တားဆီးခဲ့တယ်လို့ ကွင်းလယ်ဒိုင်ကယူဆကာ ပယ်နယ်တီပေးခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူကာ ယူနိုက်တက်တို့နိုင်ပွဲရရှိသွားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ခြေစွမ်းပိုင်းအရ အားရစရာမရှိသေးဘဲ အဓိကကွင်းလယ်လူပေါ့ဂ်ဘာကတော့ ပုံမှန်ခြေစွမ်းအောက်ကိုတောင် ရောက်နေခဲ့ပါတယ်။ မာရှယ်ကလည်း တိုက်စစ်ပိုင်းမှာ လွဲချော်နေဆဲဖြစ်ကာ ဆိုးလ်ရှားအတွက် ပြင်ဆင်ရမယ့် အားနည်းချက်တွေက အများကြီးရှိနေပါသေးတယ်။ ယူနိုက်တက်အနေနဲ့ ဒီရာသီပထမဆုံးနိုင်ပွဲကို ရရှိခဲ့ပေမယ့်လည်း ကစားခဲ့ပြီးတဲ့ပွဲတွေမှာ ခြေစွမ်းက သာမန်အဆင့်သာ ရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က