ဘရိုက်တန်နဲ့ပွဲမှာ VAR ကြောင့်ပင်နယ်တီရပြီး ကံကောင်းလို့ အနိုင်ရခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကတော့ တစ်ကိုယ်တော် စွမ်းရည်နဲ့ ယူနိုက်တက်အတွက် သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့သူ ဖြစ်ပြီး ပိုကောင်းလာမယ်လို့လည်း နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ VAR အဆုံးအဖြတ်ကြောင့် ကံ ကောင်းထောက်မပြီး ၃-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ နည်းပြ ဆိုးလ်ရှားက သူ့အသင်းအတွက် တစ်ကိုယ် တော်စွမ်းရည်နဲ့ တစ်ဂိုးသွင်းပေးနိုင်ခဲ့သူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ချီးကျူးစကားဆိုခဲ့ပါတယ်။



ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အတွက် ဒုတိယမြောက်သွင်းဂိုးကို တစ်ကိုယ်တော်ထိုးဖောက်ပြီး ကန်သွင်းရယူ ပေးခဲ့တာပါ။

“သူက ပိုကောင်းသထက်‌ကောင်းလာပါတယ်၊သူ့ဆီကနေ ပထမပိုင်းမှာ သူလုပ်ခဲ့တဲ့ ပုံစံမျိုး ထပ်ရချင်တယ်။သူ့ တုံ့ပြန်မှု၊ထက်မြက်မှုတွေ ပိုကောင်းလာတယ်။”လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောခဲ့တာလို့ Goal.comက ဖော်ပြ လာပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဂိုးရတဲ့အတွက်လည်း ပျော်ရွှင်တဲ့အကြောင်း၊သွင်းဂိုးက လက်မအနည်းငယ်မျှလောက် လူကျွံနေခဲ့တယ်ဆိုပေမယ့်မေဆန်ရဲ့ ဖြတ်တင်ပေးပို့မှု၊သူ့ရဲ့ အလျင်၊သွင်းဂိုးနဲ့ တစ်ကိုယ်တော်စွမ်းရည်တွေကတော့ ချီးကျူးစရာပါပဲ။လို့လည်း ဆိုးလ်ရှားက ဆက်လက်ဆိုခဲ့ပါသေးတယ်။

ရက်ရှ်ဖို့ဒ်အတွက် အဆိုပါ သွင်းဂိုးက ယခုနှစ်ဘောလုံးရာသီ ပထမဆုံး သွင်းဂိုးလည်း ဖြစ်လာခဲ့ပြီး မနှစ်ကတော့ ပြိုင်ပွဲစုံ ၂၂ဂိုးထိသွင်းယူပေးနိုင်ခဲ့သူပါ။

ယူနိုက်တက်အသင်းကတော့ ဘရိုက်တန်အသင်းကို မိနစ် ၉၅မိနစ်အထိ ၂ဂိုးစီသရေကျနေပြီးမှ VAR စနစ်ကြောင့် လက်ထိဘောကို ပင်နယ်တီ ကန်ခွင့်ရခဲ့ရာမှ ဘရူနိုက သူ့ရဲ့ ပုံစံအတိုင်း ဂိုးသွင်းကာ ယူနိုက်တက်ကို အနိုင်ဆောင်ကြဥ်းပေးခဲ့ပြီး ဆိုးလ်ရှားကို အသက်ရှုချောင်စေခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က