အနိုင်ယူနိုင်စွမ်းရှိတဲ့ အသင်းလို့ မမြင်ဘူးဆိုပြီး လမ်းပတ်က ပြောခဲ့တယ်လို့ဆိုပါတယ်။

ပထမပိုင်းမှာ ၃ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပေမယ့် ဒုတိယပိုင်းကစတင်ပြီး ချဲလ်ဆီးက ချေပဂိုးတွေ ဆက် တိုက် လိုက်ပါသွင်းယူပြီး သရေကျခဲ့ပါတယ်။

ချလ်ဆီးအသင်းဟာ ဝက်စ်ဘရွန်းအသင်းကို ၃-၀နဲ့ အရေးနိမ့်နေရာမှ ၃-၃ဂိုးရလဒ်နဲ့ ပွဲအပြီးမှ သရေရလဒ် ထွက်ပေါ်အောင် ပြန်လည်ကစားနိုင်ခဲ့ပါတယ်။



၃ဂိုးပြတ်အရေးနိမ့်နေချိန် သရေပြန်ကစားနိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့တဲ့ နည်းပြ လမ်းပတ်ရဲ့ ပညာရှိစကားအချို့ကို တိုက်စစ်မှူး အေဗရာဟင်က ပွဲအပြီးမှ ထုတ်ဖ်ောပြောလာခဲ့တယ်လို့ Goal.comက ဖော်ပြလာပါတယ်။

“ကျွန်တော်တို့အားလုံးရဲ့ ခေါင်းတွေအားလုံး ငိုက်စိုက်နေချိန်မှာ.. မင်းတို့တွေ့မှာ အပြင်ထွက်ပြီး အနိုင်ယူနိုင်မယ့် အသင်းပုံစံမျိုး မတွေ့ရဘူး၊ဒုတိယပိုင်းမှာတစ်ဦးကိုတစ်ဦး တွဲခေါ်ပြီး ကစားပါ။လို့ လမ်းပတ်က အားပေးစကား ဆိုခဲ့ပါတယ်။”လို့ အေဗရာဟင်က ဆိုပါတယ်။

“ဘာပဲ ဖြစ်ဖြစ် မေဆန်ရဲ့သွင်းဂိုးအတွက် ကျေးဇူးတင်ပါတယ်။ဒီဂိုးက ကျွန်တော်တို့ကို အားတက်စေခဲ့တာ အမှန်ပါ။ဒါပေမယ့် ၃ဂိုးပြန်လိုက်ဖို့ကတော့ ဘယ်လိုမှ မလွယ်ကူခဲ့ပါဘူး။ကစားသမားတွေအားလုံး အသိအမှတ်ပြု ခံရထိုက်ပါတယ်။”လို့ အေဗရာဟင်က ဆက်လက်ဆိုပါတယ်။

ပြိုင်ပွဲအပြီးမှာတော့ ချဲလ်ဆီးက ၃ဂိုး ပြန်လိုက်သွင်းပြီး ၃-၃ဂိုးဆိုတဲ့ ရလဒ်နဲ့သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ကစားသမားတွေအားလုံး နည်းပြ လမ်းပတ်ရဲ့ ဆိုလိုရင်းကို နားလည်သွားကြတယ်လို့ အေဗရာဟင်က ပြောပါတယ်။

“အမှားတွေကို အမြန်ဆုံးပြင်ဆင်ပြီး ကြိုးစားလိုက်ချိန်မှာ ကျွန်တော်တို့ သရေရလဒ်ကို ပြန်ရလိုက်တယ်။အတူတ ကွ သန်မာနေရင် စည်းလုံးနေရင် တစ်ယောက်ကိုတစ်ယောက် အားပေးနေရင် ဘာမဆို လုပ်ဆောင်နိုင်တာကို သိလိုက်ရပါတယ်။”လို့ အေဗရာဟင်က ဆက်လက်ဆိုပါတယ်။

လာမယ့်တစ်ပတ် စနေနေ့မှာတော့ ချဲလ်ဆီးအသင်းဟာ ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံ ကစားသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က