ပွဲအပြီးမှာတော့အောက်စ်ဖို့ဒ်က ၄-၁နဲ့ အနိုင်ရခဲ့ပါတယ်။
Kyaw Ko Ko Sint

ဘတ်စ်ကားကို ပိုးသတ်ဆေးဖျန်းလိုက်တဲ့အတွက် လူစီးဖို့ မသင့်တော်သေးဘူးဆိုပြီး ကားဆရာက ပြောတာကြောင့် ပွဲကို အချိန်မီအောင် အဆင်ပြေသလို သွားခဲ့ကြရတာပါ။

အက္ကရင်တန်စတန်လေအသင်းနဲ့ လိဂ်ဝမ်းပွဲ ကစားဖို့ရှိတဲ့ အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းဟာ အဝေးကွင်းသွား ကစားဖို့ အသင်းပိုင် ဘတ်စ်ကားကို အသုံးမပြုနိုင်ခဲ့တာကြောင့် ကိုယ်ပိုင်အစီအစဥ်များဖြင့် သွားရောက် ကစားခဲ့ရ တယ်လို့ သိရပါတယ်။

ဘတ်စ်ကားမရတဲ့ အဓိက အကြောင်းရင်းကတော့ ကိုဗစ်ရောဂါပိုးကို သေစေတဲ့ ဆေးဝါးများကို ဘတ်စ်ကားအ တွင်း ဆေးဖျန်းခြင်း ပြုလုပ်ခဲ့တာကြောင့် ပွဲချိန်အတွင်း ကားစီးဖို့ အချိန်မမီတော့တာကြောင့် ကိုယ်ပိုင် အစီအစဥ် တွေဖြင့်သွားခဲ့ရတာပါ။

ယင်းကဲ့သို့
သွားရာမှာတော့ အချို့က တက္ကစီစီးပြီးသွားရသလို ကိုယ်ပိုင်ကားရှိသူကလည်း မိမိကားဖြင့် သွာားခဲ့ရ တာ ဖြစ်ပါတယ်။


အောက်စ်ဖို့ယူနိုက်တက်အသင်းအနေနဲ့ ခရီးစဥ် အခက်အခဲ ဖြစ်ခဲ့ပေမယ့်လည်းအဝေးကွင်းမှာ ၄-၁နဲ့ အနိုင်ကစား နိုင်ခဲ့ပြီး - “ရူးချင်စရာ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်၊လာမယ့် ခရီးစဥ်ကျရင်တော့ ဒီလိုမဖြစ်ပါစေနဲ့ မျှော်လင့်ပါတယ်။” လို့လည်း အောက်စ်ဖို့ဒ် မန်နေဂျာ ရော်ဘင်ဆင်က ကျီစယ်ပြောခဲ့ပါတယ်။

ဘတ်စ်ကားမရတာနဲ့ ပတ်သက်ပြီးတော့လည်း - “အသင်း ဟိုတယ်က ထွက်ဖို့ လုပ်ချိန်မှာ ကားက မရဘူးဆိုတာ အရေးပေါ်သိလိုက်ရပါတယ်။ကားအတွင်းကို ရေားဂါပိုးသတ်ဖို့ဆိုပြီး ဆေးဖျန်းထားတာကြောင့် ကားဆရာက မောင်းဖို့ မသင့်တော်သေးဘူးဆိုလို့ အချိန်မီအောင် တက္ကစီစီးသူကစီး၊ကိုယ်ပိုင်ကားနဲ့သွားသူကသွားလုပ်ခဲ့ရတာ ပါ။”လို့ နည်းပြ ရော်ဘင်ဆင်က ဆက်လက်ပြောခဲ့ပါတယ်။


Author


က္က